
မြောက်အတ္တလန်တိတ်စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက သူ့ရဲ့ နျူကလီးယားစွမ်းရည်တွေကို ခေတ်မီအောင် လုပ်ဖို့နဲ့ နျူကလီးယားစီမံကိန်းရေးဆွဲနိုင်စွမ်းကို အားဖြည့်ဖို့ ဇွန် ၁၈ ရက်မှာ သဘောတူခဲ့တယ်လို့ မဟာမိတ်အဖွဲ့ရဲ့ နျူကလီးယားတားဆီးရေးဆိုင်ရာ အကြီးတန်းအဖွဲ့အစည်း က ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြင်သစ်ကလွဲလို့ နေတိုးမဟာမိတ်အားလုံးက နျူကလီးယား တားဆီးရေးဆိုင်ရာ တိုင်ပင် ဆွေးနွေးမှု နဲ့ ဆုံးဖြတ်ချက်ချမှုအတွက် ဖိုရမ်တခုအဖြစ် ဆောင်ရွက်တဲ့ နျူကလီးယားစီမံကိန်းရေးဆွဲရေး အဖွဲ့ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
အစည်းအဝေးမှာပါတဲ့ ကာကွယ်ရေးဝန်ကြီးတွေက မဟာမိတ်အဖွဲ့ရဲ့ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တွေဟာ မဟာမိတ်လုံခြုံရေးအတွက် အမြင့်ဆုံးအာမခံထားပြီး နေတိုးရဲ့ တိုးချဲ့ ကာကွယ်ရေး ဗိသုကာလက်ရာကို အခြေခံထားကြောင်း ပြန်အမှတ်ရခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NPG ဝန်ကြီးတွေဟာ နေတိုးရဲ့ နျူကလီးယားစွမ်းရည်တွေကို ခေတ်မီအောင်လုပ်ခြင်း၊ နေတိုးရဲ့ နျူကလီးယားစီမံကိန်း ရေးဆွဲနိုင်စွမ်းကို အားကောင်းစေခြင်း၊ လုံခြုံရေးအကျိုးစီးပွားတွေ အောင်မြင်ဖို့ လိုက်လျောညီထွေဖြစ်အောင် လုပ်ခြင်းအားဖြင့် နေတိုးရဲ့ နျူကလီးယား တားဆီးရေး ဆိုင်ရာ လုပ်ငန်းတာဝန်ကို ဆက်လက်မြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ အဖွဲ့က ပြောခဲ့ပါတယ်။
Source:Reuters











