DVB Logo
Home
မြန်မာသတင်း
ICC တရားစီရင်ပိုင်ခွင့်ကို ကြိုဆိုကြောင်း နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ထုတ်ပြန်
DVB
·
August 25, 2021
ICC တရားစီရင်ပိုင်ခွင့်ကို ကြိုဆိုကြောင်း နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ထုတ်ပြန်
Donate to DVB

နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုတယ်လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံ ကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ၊ ဟိန္ဒူတွေနဲ့ ဒေသခံတိုင်းရင်းသားတွေကို စစ်တပ်က လူမျိုးတုံး စတင်သတ်ဖြတ်ခဲ့တဲ့နေ့ဖြစ်ပြီး စစ်ကောင်စီကို အရေးယူစီရင်တာကို လက်ခံကြိုဆိုတယ်လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ၄ နှစ်မြောက် အထိမ်းအမှတ်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ စစ်ကောင်စီက နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေက စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေကို ထပ်မံခုခံဖို့ မရှိတော့ဘဲ ICC ရဲ့ဆုံးဖြတ်ချက်ကို လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို ပြည်သူတွေက ခံစားနေရပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထိထိရောက်ရောက်အကူအညီပေးကြဖို့လည်း ဘာသာပေါင်းစုံကွန်ရက်က တိုက်တွန်းတောင်းဆိုပါတယ်။

တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေကို စစ်တပ်က ဒုက္ခအမျိုးမျိုးပေးခဲ့တာကို ထိထိရောက်ရောက် အကူအညီမပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်တယ်လို့လည်း ဘာသာပေါင်းစုံကွန်ရက်က ကြေညာချက်မှာ ဖော်ပြပါတယ်။

နောင်တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်မှာ ဘာသာလူမျိုး မခွဲခြားဘဲ တန်းတူအခွင့်အရေးရရှိဖို့ ဘာသာပေါင်းစုံက အင်အားစုတွေ နွေဦးတော်လှန်ရေးမှာ လက်တွဲပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013