DVB Logo
Home
မြန်မာသတင်း
တမူး PDF က ရဲကင်းစခန်းကိုဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး
DVB
·
August 24, 2021
တမူး PDF က ရဲကင်းစခန်းကိုဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၇ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ရဲကင်းစခန်းတခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်က ဩဂုတ် ၂၄ ရက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဝင်တိုက်ခဲ့ရာမှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်  ၇ ယောက် သေဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့(TSG) က ထုတ်ပြန်ပါတယ်။

အဆိုပါ ရဲကင်းစခန်းဟာ တမူးမြို့၊ နဂါးမင်းသမီးရေကန်နားမှာ တပ်စွဲထားတာဖြစ်ပြီး တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁)နဲ့ တပ်ရင်း (၂)တို့ ပူးပေါင်းကာ အလစ်အငိုက် ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူ ၈ ယောက်လောက်ရှိခဲ့ပြီး တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိသူတယောက်မှ မရှိခဲ့ဘူးလို့ ပြောပါတယ်။

တမူးမြို့မှာ ဩဂုတ် ၂၃ ရက် မနေ့ မနက်ပိုင်းကလည်း မြို့ပြင်ရှိ စက်မှုနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေကို တမူးPDFကသွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက် က ၁၇ ဦးလောက် သေသွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ အကြမ်းဖက်စစ် အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၂၃ ရက်အထိ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013