DVB Logo
Home
မြန်မာသတင်း
သထုံမြို့ရှိ ဆင်းရဲသားပြည်သူများအတွက် စားနပ်ရိက္ခာကူညီပေးသူကို စစ်ကောင်စီတပ်ကဖမ်းဆီး
DVB
·
August 23, 2021
သထုံမြို့ရှိ ဆင်းရဲသားပြည်သူများအတွက် စားနပ်ရိက္ခာကူညီပေးသူကို စစ်ကောင်စီတပ်ကဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့က အခြေခံလူတန်းစားပြည်သူတွေကို လိုက်လံကူညီနေတဲ့ Thanton Donation Team အဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရပြီးနောက် အဖွဲ့ဝင်တွေအားလုံး တိမ်းရှောင်နေရလို့ ကူညီရေးလုပ်ငန်းစဉ်တွေရပ်ဆိုင်းလိုက်ရပြီးလို့ အဖွဲ့ဝင် တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

Thanton Donation Team အဖွဲ့ဟာ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန် ပစ္စည်း ၄ မျိုးကို ငွေကျပ် ၃၀၀ နဲ့ လိုက်လံရောင်းချပေးနေတဲ့ ပရဟိတအဖွဲ့တစ်ခု ဖြစ်ပါတယ်။

အဖွဲ့ဝင် ဒေါ်ချောစုကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွဲစွပ်ချက်နဲ့ သြဂုတ် ၁၆ ရက်နေ့က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အဖွဲ့ဝင်အားလုံးကို ဖမ်းဆီးစစ်ဆေးဖို့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက စီစဉ်နေတဲ့အတွက်ကြောင့် လက်ရှိမှာ အဖွဲ့ဝင်အားလုံး တိမ်းရှောင်နေရပါတယ်။

Thanton Donation Team အဖွဲ့က နိုင်ငံရေးလုပ်တာ မဟုတ်ဘဲ ပြည်သူတွေကို ကူညီနေတဲ့အဖွဲ့ တစ်ခုဖြစ်ပြီး အခုလို ဖမ်းဆီးတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြည်သူတွေကို လိုက်လံကူညီစဉ်ကလည်း ရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံမေးမြန်းတာတွေ ရှိခဲ့ပြီး လှူဒါန်းတဲ့ ပစ္စည်း စာရင်းတွေကို နေ့စဉ် တင်ပြပေးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုကြောင့် ပြည်သူတွေကို မကူညီနိုင်တော့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ Thanton Donation Team က ဒီကနေ့ သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013