DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်မှာ ကပစ ဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်အတည်ပြု လူနာ ၃၉ ဦးထပ်တွေ့
DVB
·
August 22, 2021
မင်းလှမြို့နယ်မှာ ကပစ ဝန်ထမ်း ၆ ဦးအပါဝင် ကိုဗစ်အတည်ပြု လူနာ ၃၉ ဦးထပ်တွေ့
Donate to DVB

မကွေးတိုင်း၊ မင်းလှမြိုနယ်မှာ သြဂုတ် ၂၁ ရက်က  ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၂ ရုံက ဝန်ထမ်း ၆ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

မင်းလှမြို့နယ်ကျန်းမာရေးဌာနမှာ နေရပ်ပြန်တွေနဲ့ သံသယလူနာ ၁၀၇ ယောက်ကို RDT အမြန်စစ်ကိရိယာနဲ့စစ်ဆေးရာမှာ ကပစ(၂)က အမျိုးသားတစ်ယောက်၊ ကပစ(၁၀)က အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်အပါဝင် အထက်မင်းလှမြို့ပေါ်နဲ့ ကျေးရွာအသီးသီးက ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉ ယောက်တွေရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။

အဲဒီကိုဗစ်ပိုးတွေ့လူနာတွေကို မင်းလှဆေးရုံ၊ မင်းလှကိုဗစ်စင်တာ၊ ရေနံမ ကိုဗစ်စင်တာနဲ့ ကပစ(၂)နဲ့ကပစ(၁၀)က ကိုဗစ်စင်တာတွေမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်က စစ်ကောင်စီရဲ့လက်နက်တွေ ထုတ်လုပ်ပေးတဲ့ ကပစစက်ရုံနှစ်ရုံမှာ ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၂၁ ရက်အထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၂၀၀ ယောက် နီးပါးရှိတယ်လို့ ပြောပါတယ်။

မင်းလှမြို့နယ်မှာ သြဂုတ် ၂၁ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၇၃၄ ယောက်အနက် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၇၄ ယောက်ရှိကာ သေဆုံးတဲ့သူ ၄၉ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013