DVB Logo
Home
မြန်မာသတင်း
Radio NUG ကို ထောက်ပံ့ကူညီသူ အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
August 20, 2021
Radio NUG ကို ထောက်ပံ့ကူညီသူ အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

Radio NUG  ကို ထောက်ပံ့ကူညီသူတွေ အရေးယူခံရမယ်လို့  စစ်ကောင်စီ ပြန်ကြားရေးက ပြည်သူလူထုကို   ခြိမ်းခြောက် သတိပေးကြေညာလိုက်ပါတယ်။ 

Radio NUG အမည်နဲ့ ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့က  စမ်းသပ်ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုလိုင်းဟာ  တရားဝင်ထုတ်လွှင့်ခွင့်ပြုထားတဲ့ ရေဒီယိုမဟုတ်ကြောင်းနဲ့ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနဲ့ အညီ အရေးယူခံရမယ်လို့  စစ်ကောင်စီ  ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ ကြေညာလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ်ကို သြဂုတ် ၂၀ ရက် ဒီကနေ့ စပြီး မနက် ၈ နာရီ တကြိမ်၊ ည ၈ နာရီ တကြိမ် မိနစ် ၃၀ စီ စတင် စမ်းသပ် ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ဖုန်းမှာပါတဲ့ FM ရေဒီယိုနဲ့ ဖမ်းယူလို့ မရပဲ shortwave လှိုင်းတိုပါတဲ့ ရေဒီယို အမျိုးအစား 10 Band Digital Radio နဲ့လှိုင်းတိုမီတာ ၁၆/ မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ  RADIO NUG လှိုင်းတိုရေဒီယို အစီအစဉ်သစ် ထုတ်လွှင့်ဖို့သတင်းထွက်လာပြီးနောက် မြန်မာပြည်တွင်းမှာ  ရေဒီယိုဝယ်ယူသူများလာတယ်လို့  လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံကနေ သိရပါတယ်။

Radio NUG ကို ဒီနေ့မနက် စတင် စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပြီး ဒီနေ့ည ၈ နာရီ ထပ်မံပြီး စမ်းသပ်ထုတ်လွှင့် ဦးမှာဖြစ်တဲ့အကြောင်းနဲ့ အနယ်နယ် အရပ်ရပ်မှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ ဖမ်းယူရရှိမှုအခြေအနေကို ပြောပြပေးကြဖို့လည်း NUG က မေတ္တာရပ်ခံပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013