DVB Logo
Home
မြန်မာသတင်း
Radio NUG ဩဂုတ် ၂၅ ရက်နေ့ ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မည်
DVB
·
August 24, 2021
Radio NUG ဩဂုတ် ၂၅ ရက်နေ့  ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG အစီအစဉ်ကို ဩဂုတ် ၂၀ ရက်နေ့မှာ ပထမအကြိမ် စတင်စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး  ဩဂုတ် ၂၅ ရက်မှာ ဒုတိယအကြိမ်ထပ်မံစမ်းသပ်ထုတ်လွှင့်မယ်လို့  Radio NUG Information Team တာဝန်ရှိသူက ဩဂုတ် ၂၄ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ကောင်စီက Radio NUG ကို တရားမဝင်ဘူးလို့ကြေညာထားသလို ပါဝင်ကူညီသူတွေကို လည်းအရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီက သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေဖြတ်တောက်တာမျိုးလုပ်လာခဲ့ရင် ပြည်သူတွေသတင်းရနိုင်ဖို့ Radio NUG ကို စီစဉ်ထုတ်လွှင့်တာဖြစ်ပြီး သတင်းအချက်အလက်တွေခိုင်မာအောင် သတင်းမီဒီယာတွေနဲ့ ပူး ပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။

Radio NUG Information Team တာဝန်ရှိသူတစ်ဦးက "တရားမဝင်တဲ့ စစ်ကောင်စီက တရားမဝင်ဘူးလို့ မပြောတာဟာ တရားဝင်တယ်လို့ပြောလိုက်သလိုပါပဲ။ ပြည်သူတွေက ဘယ်သူက တရားဝင်တယ်ဆိုတာကို သက်သေပြပြီးဖြစ်ပါတယ်။ သူတို့ပြောတာတွေအပေါ် ကျနော်တို့ NUG က ဘာမှ ဂရုစိုက်စရာမရှိပါဘူး။ နောက်ပိုင်းမှာ သတင်းတွေကိုအတည်ပြုနိုင်ဖို့ သတင်းမီဒီယာအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

Radio NUG ရဲ့ မိနစ် ၃၀ စာ အစီအစဉ်တွေကို မနက်တစ်ကြိမ် ညတစ်ကြိမ် စမ်းသပ်ကာလမှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး လိုအပ်ရင် နေ့လည်ပိုင်းတစ်ချိန်ထပ်တိုးထုတ်လွှင့်ဖို့ရှိနေပါတယ်။ 

ဩဂုတ် ၂၀ ရက်နေ့မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့တုန်းက Radio NUG ရဲ့အစီအစဉ်တွေမှာ ပြည်သူ့အသံများများပါစေချင်တယ်လို့ နားထောင်သူတွေက ပြောပါတယ်။

Radio NUG Information Team တာဝန်ရှိသူ"စစ်ကောင်စီက သတင်းမီဒီယာတွေကို အကြမ်းဖက်ဖိနှိပ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်အလက်တွေပြတ်တောက်မသွားအောင် ရေဒီယိုကိုထုတ်လွှင့်ဖို့ကြိုးစားတာဖြစ်ပါတယ်။"

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းမီဒီယာတွေကို ဖိနှိပ်ခဲ့ပြီး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှာ အင်တာနက်ဖြတ်တောက်တာတွေ၊ ရုပ်သံသတင်းလိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ပြည်သူတွေသတင်းအချက်အလက်ရဖို့ခက်ခဲခဲ့ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ်ကို ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Radio NUG အစီအစဉ်စတင်ထုတ်လွှင့်တဲ့သတင်းကြောင့် ပြည်တွင်းမှာ ရေဒီယိုတွေလည်း ရောင်းကောင်းခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013