DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းတွင် လူပေါင်း ၇၀၀ ခန့်ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးရာ တဝက်ကျော်ပိုးတွေ့
DVB
·
August 20, 2021
ရှမ်းပြည်တောင်ပိုင်းတွင် လူပေါင်း ၇၀၀ ခန့်ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးရာ တဝက်ကျော်ပိုးတွေ့
Donate to DVB

ရှမ်းပြည်တောင်ပိုင်းရှိမြို့နယ်တွေမှာ ဩဂုတ်လ ၁၉  ရက်က ပြည်သူပေါင်း ၆၉၈ ယောက်ကို  ကိုဗစ်-၁၉ ပိုးစစ်ဆေးရာမှာ ၄၃၈ ယောက် ရောဂါ ကူးစက်ခံထားရတယ်လို့ တောင်ကြီးပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနက ထုတ်ပြန်ထားပါတယ်။

ကူးစက်ခံထားရသူ ၄၃၈ ဦးကတော့ တောင်ကြီးမြို့နယ်က အများဆုံး ၂၉၄ ဦး၊ ဟိုပုံးမြို့နယ်က ၆၂ ဦး၊ ညောင်ရွှေ ၂၆ ဦး၊ ရွာငံ ၂၁ ဦး၊ ပင်းတယ ၁၇ ဦး၊ မောက်မယ် ၂ ဦး၊ ပင်လောင်း ၆ ဦး၊ စဝ်စံထွန်းဆေးရုံကြီးမှ ၂၂ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ နေ့စဉ်တိုးလာနေပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၉ ရက်ထုတ်ပြန်ချက်အရ ဩဂုတ် ၁၈ ရက်နေ့မှာ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၈၇၈ ဦးရှိပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်က ၈၂၈ ဦး သေဆုံး ၉ ဦးနဲ့ တနိုင်ငံလုံးမှာ အများဆုံးဖြစ်နေပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ၊ ၁၅ ၊ ၁၄၊ ၁၃ နဲ့ ၁၁ ရက်နေ့တွေကလည်း ရှမ်းပြည်နယ်က ပိုးတွေ့သူအများဆုံးစာရင်းထဲ ပါဝင်နေပါတယ်။ 

ကိုဗစ် တတိယလှိုင်းအတွင်း ဇူလိုင်လ ၁ ရက်မှ  ဩဂုတ် ၁၈ ရက်အထိ ရှမ်းပြည်နယ်မှာ ကိုဗစ်- ၁၉ ကူးစက်ခံရသူ အနည်းဆုံး ၂၁၀၀၅ ဦးရှိပြီး ၅၀၂ ဦးရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။ လက်ရှိ ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ မူဆယ်၊ ညောင်ရွှေ၊ ရပ်စောက်၊ အောင်ပန်း စတဲ့မြို့နယ်တွေကို Stay at Home အိမ်တွင်သာနေထိုင်ဖို့ စစ်ကောင်စီက  အမိန့်ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013