DVB Logo
Home
မြန်မာသတင်း
RADIO NUG ထုတ်လွှင့်မည်ဟုကြေညာပြီးနောက် ရေဒီယိုရောင်းကောင်း
DVB
·
August 19, 2021
RADIO NUG ထုတ်လွှင့်မည်ဟုကြေညာပြီးနောက် ရေဒီယိုရောင်းကောင်း
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ  RADIO NUG လှိုင်းတိုရေဒီယို အစီအစဉ်သစ် ထုတ်လွှင့်ဖို့ စီစဉ်နေပြီး ရေဒီယိုဆောင်ထားဖို့ တိုက်တွန်းပြီးနောက် ရန်ကုန်မှာ  ရေဒီယိုဝယ်ယူသူများလာတယ်လို့  လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံကနေ သိရပါတယ်။ 

NUG အစိုးရက ပြည်သူနဲ့အဆက်အသွယ်မပြတ်စေဖို့  ရေဒီယိုကနေ ထုတ်လွင့်ဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ဩဂုတ် ၁၉ရက်နေ့ကစပြီး လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ သိသိသာသာ ရေဒီယို ဝယ်ဖို့ အမေးများလာခဲ့တာ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း စစ်အာဏာသိမ်းပြီးနောက် အင်တာနက်တွေ ဖျက်တောက်ခဲ့ချိန်က ရေဒီယိုရောင်းအားကောင်းခဲ့ပြီး အခုလက်ရှိဒုတိယအကြိမ် ဝယ်ယူသူများလာခဲ့တာ ဖြစ်ပါတယ်။ 

လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက" ဒါကဒုတိယအကြိမ်ပဲ ရေဒီယိုဝယ်ချင်လို့ အမေးများတာပေါ့။ စျေးကွက်ထဲက အများစုက FM ပဲ ရတဲ့ ရေဒီယိုကများတယ်။ တချို့ကိုဆို သေချာရှင်းပြပြီး ရောင်းရတယ်။ အဲ့လိုင်းရတဲ့ ပစ္စည်းက သိပ်မရှိဘူး။ အခုကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်ထားကြတော့ ပစ္စည်းပြန်ဝင်ဖို့ စောင့်ရမယ်ထင်တယ်" လို့ ပြောပါတယ်။ 

ရေဒီယိုလိုက်ဝယ်နေသူတစ်ဦးက " မနေ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေဒီယိုဝယ်ဖို့ တိုက်တွန်းထားတာတွေ့တော့ ဒီမနက်သွားဝယ်ဖြစ်တယ်။ ဆိုင်တော်တော်များများက သူတို့ပြောတဲ့ လိုင်းဖမ်းလို့ရတဲ့ဟာ မရှိဘူး။ အရင်ကအောက်ဆီဂျင်ဝယ်သလို တန်းစီပြီး ဝယ်နေရတယ်။ ဒါပေမဲ့ အဲ့လိုင်းရတဲ့ ရေဒီယိုဝယ်မရခဲ့ဘူး" လို့ ပြောပါတယ်။ 

ရေဒီယို လာရောက်ဝယ်ယူသူတစ်ဦးကလည်း "NUG အစိုးရက ရေဒီယိုကနေ အစီအစဉ်ထုတ်လွှင့်မယ်ဆိုတော့ နားထောင်ချင်တယ်လေ။ အရင်တုန်းက အဖိုးရေဒီယိုနားထောင်တဲ့အချိန် လိုက်နားထောင်ရတဲ့ ခံစားချက်မျိုးပြန်ရတယ်။ ဒါပေမဲ့ အဲ့ခေတ်ကို ပြန်မရောက်ချင်တော့ဘူး။ စစ်အာဏာရှင်ကျဆုံးပြီး အရေးတော်ပုံအောင်တာပဲ လိုချင်တယ်။ တတ်နိုင်သလောက် ရေဒီယိုဝယ်ပြီး နားထောင်မယ်။ NUG အစိုးရညွှန်ကြားချက်တွေကို လိုက်နာမယ်" လို့ ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG အစီအစဉ်ကို သြဂုတ် ၂၀ ရက်ကစပြီး မနက် ၈ နာရီ တကြိမ်၊ ည ၈ နာရီ တကြိမ် မိနစ် ၃၀ စီ စတင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဖုန်းမှာပါတဲ့ FM ရေဒီယိုနဲ့ ဖမ်းယူလို့ မရပဲ shortwave လှိုင်းတိုပါတဲ့ ရေဒီယို အမျိုးအစား 10 Band Digital Radio နဲ့လှိုင်းတိုမီတာ ၁၆/ မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013