Home
မြန်မာသတင်း
ဆောမြို့နယ်တွင် ပျူစောထီးအဖွဲ့က ၃ ဦး အသတ်ခံရ
DVB
·
August 19, 2021
231628065_2910593779190892_8431018766223481333_n

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ သြဂုတ် ၁၈ ရက်နေ့ညက စစ်ကောင်စီသတင်းပေး ဒလန်ပျူစောထီးအဖွဲ့ဝင် ၃ ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆောမြို့နယ် ကျောက်စစ်ကျေးရွာမှာ မနေ့က ည ၁၀ နာရီလောက်က ပျူစောထီးခေါင်းဆောင်တွေဖြစ်တဲ့ ကိုစံသိန်း၊ ကိုထွန်းညွှန့်နဲ့ မဥမ္မာတို ၃ ယောက် အသတ်ခံရတာဖြစ်ပြီး သေနတ်သံ ၄ ချက်  ကြားလိုက်ရတယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။

အခုလို ဒလန်ပျူစောထီးတွေ သတ်ဖြတ်ခံရတာဟာ ဆောမြို့နယ်မှာ ပထမဦးဆုံးဖြစ်ပြီး ဘယ်အဖွဲ့စည်းရဲ့ လက်ချက်ဆိုတာ မသိရသေးဘဲ သြဂုတ် ၁၉ ရက်နေ့အထိ အလောင်းလာမသယ်ကြသေးဘူးလို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ၃ ယောက်ဟာ ပျူးစောထီး သင်တန်းဆင်းတွေဖြစ်ပြီး စစ်ကောင်စီရဲ့ သတင်းပေး ဒလန်လုပ်ကာ ရွာသားတွေကို ဒုက္ခအမျိုးမျိုးပေးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024