DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာနှင့်ရွာတချို့ စားနပ်ရိက္ခာနှင့်ဆေးဝါး အရေးပေါ်လိုအပ်နေ
DVB
·
August 19, 2021
မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာနှင့်ရွာတချို့ စားနပ်ရိက္ခာနှင့်ဆေးဝါး အရေးပေါ်လိုအပ်နေ
1 / 7
Donate to DVB

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ အိမ်ခြေ ၈၀ ကျော်ရှိတဲ့ ဒဂေါ်ကျေးရွာအပါအဝင် မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတချို့မှာ စားနပ်ရိက္ခာနဲ့  ဆေးဝါးတွေ  ပြတ်လပ်နေပြီး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံး stay at home ကြေငြာထားပြီး သွားရေးလာရေးမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ရွာသူရွာသားအများစု မြို့ပေါ်သိပ်မတက်ဖြစ်တော့ဘဲ ရှိ တာ ချွေတာစားနေရတာကြောင့် အကူအညီနဲ့ ထောက်ပံ့မှုတော့ လိုအပ်နေတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဒဂေါ်ကျေးရွာ နဲ့ ကျေးရွာတချို့မှာ သွားရောက်ကူညီဆောင်ရွက်သူပရဟိတသမား တစ်ဦးက “မိုးမောက်မြို့နယ်မှာ ကိုဗစ်ဖြစ်သူ ပိုးတွေ့လူနာတွေ အရမ်းများတော့ သူတို့မြို့ထဲသိပ် မရောက်ဖြစ်ကြဘူး။ ဆိုင်တွေလည်း ပိတ်တာများတယ်လေ။ ပရဟိတအဖွဲ့ တချို့လူတွေ တခါတလေ လာရောက်ထောက်ပံ့တာမျိုးရှိပေမယ့် ဆေးဝါးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်နေသေးတယ်။ ကူညီမှုတွေ လိုအပ်နေသေးတယ်” လို့ ပြောပါတယ်။

ဒဂေါ်ကျေးရွာဟာ မိုးမောက်မြို့နဲ့ ၇ မိုင်ခန့်ဝေးပြီး တောင်ပေါ်ကျေးရွာလည်း ဖြစ်ကာ နန့်စရီး ချောင်းကူး တံတားလည်း ပျက်စီးနေတာကြောင့် ဝါးနဲ့ အစားထိုးတည်ဆောက်သွားလာနေရတယ်လို့ ဆိုပါတယ်။

တံတားအသစ်မှာ NLD အစိုးရလက်ထပ်ကတည်းက တည်ဆောက်နေဆဲဖြစ်ပြီး မိုးတွင်းမှာ တောင်ကျရေ မကြာခဏကြီးနေတာကြောင့် သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013