DVB Logo
Home
မြန်မာသတင်း
Radio NUG စတင်ထုတ်လွှင့်မည်
DVB
·
August 18, 2021
Radio NUG စတင်ထုတ်လွှင့်မည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လှိုင်းတိုရေဒီယိုအစီအစဉ်သစ်တခုကို ဩဂုတ် ၂၀ ရက် မနက်ကစပြီး စမ်းသပ်ထုတ်လွှင့်တော့မယ်လို့  ကြေညာလိုက်ပါတယ်။ 

Radio NUG လို့အမည်ပေးထားတဲ့ အစီအစဉ်သစ်ကို  ဩဂုတ် ၂၀ ရက် မနက်ကစပြီး မနက် ၈ နာရီနဲ့ ည ၈ နာရီတို့မှာ စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟတ်ဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနိုင်မယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ပြည်နယ်နဲ့တိုင်း မြို့နယ်အလိုက် အဆင် ပြေ၊ မပြေ သိနိုင်ဖို့ ဖမ်းယူနားထောင်ပြီး အသံဖမ်း ပြန်ပို့ပေးဖို့ကြဖို့  NUG ရဲ့ လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ Public Volce Television က မေတ္တာရပ်ခံထားပါတယ်။

အစီအစဉ်တွေကို နာရီဝက်စာ ထုတ်လွှင့်မှာဖြစ်ပြီး ပြည်သူနဲ့ NUG အစိုးရတို့အကြား အဆက်မပြတ်စေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013