DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ရှမ်းတောင်၊ နေပြည်တော်၊ လွိုင်ကော် PDF ၆ ဖွဲ့ ပူးပေါင်း
DVB
·
August 16, 2021
ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ရှမ်းတောင်၊ နေပြည်တော်၊ လွိုင်ကော် PDF ၆ ဖွဲ့ ပူးပေါင်း
Donate to DVB

အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြတ်တွန်းလှန်ဖို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ညီနောင်မဟာမိတ် ၆ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ ဩဂုတ် ၁၆ ရက်မှာ ကြေညာပါတယ်။

      နွေဦးတော်လှန်ရေးမှာ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်သွားကြမယ့် ညီနောင်မဟာမိတ် ၆ ဖွဲ့ကတော့ အရင်က ပူးပေါင်းပြီးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်-မိုးဗြဲ (MB PDF)၊ ဖယ်ခုံ (PK PDF) တို့နဲ့အတူ နောက်ထပ် ၃ ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ရှမ်းတောင် (SS PDF)၊ ပြည်သူ့ကာ ကွယ်ရေးတပ်-နေပြည်တော် (NPT PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်-လွိုင်ကော် (LKW PDF) တို့ ပါဝင်လာခဲ့တာပါ။

      ညီနောင်မဟာမိတ် ၆ ဖွဲ့ဟာ ပြည်သူလူထုကို အခြေခံဖွဲ့စည်းထားတာကြောင့် ပြည်သူ့ဆန္ဒသဘောထားကို အပြည့်အဝ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တွေနဲ့ ချိတ်ဆက်ပူးပေါင်းတိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ် ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၇၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၇,၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013