DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်မြို့နယ်၌ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်း ပြန်စရန်ပြင်ဆင်
DVB
·
August 16, 2021
သံဖြူဇရပ်မြို့နယ်၌ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်း ပြန်စရန်ပြင်ဆင်
Donate to DVB

ဒေသခံတွေ စိုးရိမ်နေတဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရှိ မိန်ဗလာတောင်က ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကို အာဏာသိမ်း စစ်ကောင်စီက ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးပြီး  ပြန်လည် တူးဖော်ဖို့ပြင်ဆင်နေပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကြောင့် တောင်မြေပြိုမှာနဲ့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာမှာကို ဌာနေ ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဟာ ဒီစီမံကိန်းအတွက် ဥတ္တရမြေကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ထားတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေး ဆုံးဖြတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီကို တင်ပြထားပြီး လက်ရှိမှာတော့ ဥတ္တရမြေကုမ္ပဏီဟာ ရတနာပစ္စည်းတူးဖော်ဖို့ လမ်းဖောက်လုပ်တာတွေ စတင် လုပ်ဆောင်နေတယ်လို့ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကြောင့် ဒေသခံတွေက တောင်မြေပြိုပြီး ဥယျာဉ်ခြံတွေအပေါ် မြေပြိုကျလာနိုင်တာ၊ မိုးရွာသွန်းမှုကြောင့် စီမံကိန်း မြေကြီးတွေ သံဖြူဇရပ်မြို့အတွင်း ဝင်ရောက်ပြီး ရေကြီးရေလျှံတာနဲ့ ပတ်ဝန်းကျင် ထိခိုက်လာမှာကို ရွာသားတွေက စိုးရိမ်နေပါတယ်။

ဒါအပြင် စီမံကိန်းကနေ ရရှိလာတဲ့ အကျိုးအမြတ်အတွက် ဒေသခံတွေ ခံစားခွင့် ဘယ်လောက်ရနိုင်မလဲဆိုတာ ချပြပေးဖို့ လိုလားနေကြတယ်လို့ သံဖြူဇရပ်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းကို အန်အယ်လ်ဒီ အစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂၀၂၀  ဇန်နဝါရီလတုန်းက Royal Eagle Myanmar ကုမ္ပဏီကို တူးဖော်ခွင့်ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့လို့ လုပ်ငန်း ပြန်လည် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

တူးဖော်မှု စီမံကိန်းပြီးနောက် မြေချိုင့်ဝှမ်းတွေ ဖြစ်ပေါ်ပြီး ဖုံးခဲ့တာ မရှိလို့ အဲရေကန်တွေထဲမှာ ကလေးငယ် ၃ ဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၄ ဦး ရေနစ်သေဆုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013