DVB Logo
Home
မြန်မာသတင်း
စစ်တပ် ပစ်ခတ်မှုကြောင့် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ကျဆုံးပြည်သူ ၉၆၈ ဦးရှိလာ
DVB
·
August 14, 2021
စစ်တပ် ပစ်ခတ်မှုကြောင့် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ကျဆုံးပြည်သူ ၉၆၈ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လခွဲနီးပါးအကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၁၇၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၅၇၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ဩဂုတ် ၁၂ ရက်မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ဆိုင်ကယ်နဲ့ လူငယ် ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက ပစ်ခတ်ရာမှ အဆိုပါ နေရာအနီးရှိ နေအိမ်မှာရှိနေတဲ့ ၁ နှစ်ခန့်အရွယ် ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကို ကျည် ၂ ချက်ထိမှန်ခဲ့ပြီး ကလေးငယ်ဟာ နေရာတင်သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ကိုငြိမ်းချမ်းဟာလည်း လက်မောင်းကို ကျည် ၂ ချက်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူမှာလည်း ခြေထောက်ကို ကျည် ၁ ချက် ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အိုးဘိုကျေး ရွာအနီးမှာ စစ်သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက သံပေါက်ကျေးရွာက ရွာသား ၅ ယောက်ကို တော်လှန်ရေးလုပ်တယ်ဆိုကာ ဖမ်းဆီးခဲ့ပြီး သူတို့ ၅ ယောက်ထဲက အသက် ၂၆ နှစ်အရွယ် ကိုလှိုင်ဝေဦးကို ပန်းဆက်ကျေးရွာ စာသင်ကျောင်းအတွင်း ဖမ်းဆီးခံရ သူတွေရှေ့မှာ ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ သိရှိရပါတယ်။ မိခင်ဖြစ်သူ နေမကောင်းတဲ့ အတွက် ပန်းဆက်ကျေးရွာအနီးရှိ ယားရွာကို သား ၂ ယောက်က သွားရောက်ခေါ်ဆောင် ခဲ့ပြီး မိခင်နဲ့ သား ၂ ယောက်၊ တခြားအမျိုးသား ၂ ယောက်၊ စုစုပေါင်း ၅ ယောက်တို့ အ တူ ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိခင်ရှေ့မှာ သားဖြစ်သူ ကိုလှိုင်ဝေဦးကို သတ် ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရက်အနည်းငယ်အကြာမျာတော့ ရွာသား ၃ ယောက်ကို ပြန် လွှတ်ပေးခဲ့သော်လည်း ကျန်ရွာသား ၁ ယောက်နဲ့ ပတ်သက်ပြီး အခုအချိန်ထိ သတင်းအ စအန ကြားရခြင်းမရှိတော့ကြောင်းလည်း သိရှိရပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ NLD ပါတီမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အမှတ် (၂) မဲဆန္ဒ နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းကို ပဲခူးတိုင်း ဒေသကြီး၊ နတ် တလင်းမြို့မှာ ဒေသခံရဲတပ်ဖွဲ့က ဩဂုတ် ၁၁ ရက်နေ့ ညအချိန်မှာ ဖမ်းဆီးသွားခဲ့တယ် လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013