DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေး ရမ်ဒက်ဆီဗီးယား တစုံလျှင် ကျပ် ၃၆၀,၀၀၀ ဖြင့် စီးတီးမတ်ရောင်းချမည်
DVB
·
August 12, 2021
ကိုဗစ်ဆေး ရမ်ဒက်ဆီဗီးယား တစုံလျှင် ကျပ် ၃၆၀,၀၀၀ ဖြင့် စီးတီးမတ်ရောင်းချမည်
Donate to DVB

       ကိုဗစ်ဆေး ရမ်ဒက်ဆီဗီးယား တစုံကို ငွေကျပ် ၃၆၀,၀၀၀ နဲ့ စီးတီးမတ်ဆေးဆိုင် တွေဖြစ်တဲ့ City Care ဆိုင်ခွဲ ၂ ခုမှာ လာမယ့် ဩဂုတ် ၁၃ ရက်နေ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Covifor (Remdesivir Injection 100mg/20ml) ဆေးကို ဝယ်ယူလိုသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားစာအပြည့်အစုံ (လူနာအမည်၊ ကုသရမည့်ရောဂါ၊ ညွှန်းဆိုထားသော ဆေး၊ ဆရာဝန်အမည်နှင့် ဆမနံပါတ်) နဲ့အတူ City Care ဆေးကောင်တာမှာ ပြသပြီး တယောက်ကို ၆ လုံးပါ တစ်စုံနှုန်း (ရေခဲပုံးနှင့်ရေခဲပါဝင်ပြီး) ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ရောင်းချပေးမယ့် ဆိုင်ခွဲ ၂ ဆိုင်ကတော့ ၁၅၃ လမ်းဆိုင်ခွဲနဲ့ လမ်း ၄၀ ဆိုင်ခွဲတွေ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည် ငြိမ်မှုတွေအပြင် ကိုဗစ်-၁၉ ကပ်ဘေးကြောင့်လည်း နိုင်ငံတဝန်း စစ်ဘေး၊ ကပ်ဘေးတွေကြား ပြည်သူတွေဟာ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

ပြည်သူတွေအတွက် ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေဟာလည်း ထိန်းချုပ် နိုင်မှုအားနည်းနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာပြည်သူလူထု သန်း ၅၀ ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုင်ငံခြားကနေ တချိန်လုံးဝယ်နေပါက တိုင်းပြည်မွဲသွားလိမ့်မယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၂,၄၅၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၁,၃၀၀ ယောက် ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ တတိယလှိုင်းရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ဩဂုတ် ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013