DVB Logo
Home
မြန်မာသတင်း
Silence Strike (တိတ်ဆိတ်ခြင်းသပိတ်) တွင် စီးတီးမတ်၊ မက်ခရိုမြန်မာနှင့် နာမည်ကြီးလုပ်ငန်းများပါဝင်
DVB
·
March 24, 2021
Silence Strike (တိတ်ဆိတ်ခြင်းသပိတ်) တွင် စီးတီးမတ်၊ မက်ခရိုမြန်မာနှင့် နာမည်ကြီးလုပ်ငန်းများပါဝင်
Donate to DVB

မတ် ၂၄ ရက်မှာ လူထုတော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ ကျင်းပမယ့် Silence Strike(တိတ် ဆိတ်ခြင်းသပိတ်) မှာ စီးတီးမတ်အရောင်းဆိုင်တွေအပါအဝင် မက်ခရိုမြန်မာနဲ့ တခြားနာမည်ကြီး လုပ်ငန်းတွေ၊ အရောင်းဆိုင်တွေ ပါဝင်သွားကြမယ်လို့ သိရပါတယ်။

Silence Strike (တိတ်ဆိတ်ခြင်းသပိတ်) ဆိုတာကတော့ လမ်းမပေါ် မလိုအပ်ဘဲ ဘယ်သူတ ဦးတယောက်မှ မထွက်ကြဘဲ ဈေးတွေ၊ ဆိုင်တွေ၊ ယာဉ်တွေ၊ လူတွေ တစုံတယောက်မှ ရှိမနေပဲ လူသူမရှိတဲ့ မြို့တမြို့၊ အရပ်ဒေသတခုလို တိတ်ဆိတ်ငြိမ်သက်ပြီး အိမ်တွေထဲမှာ နေထိုင်ဆန္ဒပြရတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

ဒီသပိတ်ရဲ့ ရည်ရွယ်ချက်ထဲမှာတော့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ သူရဲ ကောင်းတွေအတွက် ငြိမ်သက်တိတ်ဆိတ်ပေးတာ၊ နေ့စဉ်ရက်ဆက် လမ်းမပေါ်စုဝေး ဆန္ဒထွက်ပြရတဲ့အတွက် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းတာ၊ စစ် သွေးကြွအကြမ်းဖက်အုပ်စုရဲ့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဆိုတဲ့ စကားအပေါ် ချေဖျက် ဆန့်ကျင်တာတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

စီးတီးမတ်အနေနဲ့ ဆိုင်တွေနဲ့ ရုံးတွေကို မတ် ၂၅ ရက်မှာတ လတ်တလော ဆိုင် ဖွင့်ချိန်တွေအတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းနဲ့  အခုကာလအတွင်း  မိဘ ပြည်သူတဦးတယောက်ချင်း ဘေးကင်းလုံခြုံစေဖို့ နိုးကြားတက်ကြွစွာ နေထိုင်ကြဖို့လည်း အားပေးတိုက်တွန်းထားပါတယ်။

ထိုင်းအခြေစိုက် နာမည်ကျော် အရောင်းဆိုင် မက်ခရိုမြန်မာကတော့ ၀န်ထမ်းတွေရဲ့ အလုပ်အသွားအပြန်လုံခြုံရေးအတွက် မက်ခရို စက်ဆန်းဆိုင်ကို မတ်လ ၂၄  ရက် နေ့တရက် ပိတ်ထားမှာဖြစ်ကြောင်းနဲ့ ၂၅ ရက် ​နေ့မှာ လတ်တ​လောဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်​ပေး သွားမယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုသပိတ်မှာတော့ တခြားလုပ်ငန်းတွေ၊ ကုမ္ပဏီရုံးခန်းတွေလည်း ပါဝင်လာကြ တာကို တွေ့ရပြီး အဲဒီထဲမှာတော့ နာမည်ကျော် သယ်ယူပို့ဆောင်ရေးနဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း Grab ၊ City Express စတိုးဆိုင်၊ ရွှေအိုးဆေးဆိုင်၊ အင်းဝစာ အုပ် ဆိုင်၊ Level Up Marketing Group စတဲ့ လုပ်ငန်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013