DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြံစည်မှု မသက်ဆိုင်ဟု စစ်ကောင်စီငြင်းဆို
DVB
·
August 10, 2021
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြံစည်မှု မသက်ဆိုင်ဟု စစ်ကောင်စီငြင်းဆို
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၉ ရက်နေ့က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့အထိ ကြံစည်မှုနဲ့ နယူးယောက်မှာ မြန်မာ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီက ပထမဆုံးအနေနဲ့ ရုပ်သံကနေ တုံ့ပြန်ခဲ့တာပါ။ 

အာဏာသိမ်း စစ်ကောင်စီကတော့  ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်ကနေ ဖယ်ရှားခဲ့ပြီးဖြစ် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရသူ ဖြစ်တယ်လို့လည်း ထပ်မံပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကနေ ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့ လူလွှတ်ကြိုးစားခဲ့ပေမယ့် အခုချိန်ထိ မအောင်မြင်သေးပါဘူး။

ဒါ့အပြင် အခုဖြစ်စဉ်ဟာ အာဏာရှင်ကို ဆန့်ကျင်ရပ်တည်သူတွေကို  ကမ္ဘာတဝန်း လိုက်လံဖိနှိပ် အရေးယူဖို့ ကြိုးပမ်းလေ့ရှိတဲ့ပုံစံမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်ရဲ့ ရှုတ်ချမှုကိုလည်း အာဏာသိမ်း စစ်ကောင်စီကနေ ပယ်ချခဲ့ပါတယ်။ 

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအပေါ် အမေရိကန်ရဲ့ ဖော်ထုတ်ဆောင်ရွက်မှုကို ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013