DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်း ရပ်နား
DVB
·
August 6, 2021
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်း ရပ်နား
Donate to DVB

ဧရာဝတီတိုင်း ဇလွန်မြို့က မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းဟာ အသင်းရဲ့ လူမှုကူညီရေးလုပ်ငန်းတွေအပေါ် စစ်ကောင်စီရဲ့ ဖိအားပေးတာတွေ များလာတာကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို  ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်-၁၉ ကူညီကယ်ဆယ်ရေးတွေကို ကန့်သတ်တာ၊ လူနာနဲ့ အသေအပျောက်သတင်းတွေကို ထိန်ချန်ခိုင်းတာတွေ လုပ်တာကြောင့် အခုလို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာလို့ အသင်းဝင်တစ်ဦးက ပြောပါတယ်။

“အသင်းလုပ်ငန်းတွေကို ဖိအားပေးတာတွေ များလာလို့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ဒီနေ့ကစပြီး အပြီးတိုင် ရက်အကန့်သတ်မရှိ ရပ်နားလိုက်တာပါ။ ရန်ကုန်က  စေတနာ့ဝန်ထမ်း  ကလေးတွေကိုလည်း ပြန်လွှတ်လိုက်ပါပြီ။ ဘယ်လိုမှသည်းမခံနိုင်တော့လို့ ရပ်နားလိုက်ရတာပါ။ ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်မလုပ်နိုင်တဲ့အတွက်လည်း အနူးအညွှတ်တောင်းပန်ပါတယ်”လို့ ပြောပါတယ်။

မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းဟာ လူငယ်တွေ လုပ်ကိုင်ကြတာဖြစ်ပြီး ယာဉ်မတော်တဆမှုတွေအပါအဝင် သဘာဝဘေးအန္တရာယ်နဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်း တွေမှာ ဇလွန်မြို့မှာ အားထားရတဲ့ အသင်းအဖွဲ့တခုဖြစ်လို့ အခုလိုအသင်းလုပ်ငန်းတွေ ရပ်နားသွားတာဟာ မြို့အတွက်ဆုံးရှုံးမှု တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသင်းအဖွဲ့မှတ်ပုံတင်အမှတ် ၆/ဇလွန်/၀၀၇ နဲ့ ပြည်သူ့အကျိုးဆောင်ရွက်နေတဲ့ အသင်းရဲ့ လုပ်ငန်းတွေရပ်နားလိုက်လို့ အသင်းလိုင်စင်ဖျက်သိမ်းပါကလည်း ပြန်လည်အပ်နှံသွားမယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းက မြို့နယ်တွေမှာရှိတဲ့ တချို့ လူမှုကူညီရေးပရဟိအဖွဲ့ရုံးတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းခံရတာတွေရှိသလို စစ်ကောင်စီရဲ့ဖိအားတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့ ပရဟိတအဖွဲ့တွေလည်းများစွာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013