DVB Logo
Home
မြန်မာသတင်း
ဂီတလောကသားများ အရေးပေါ်အောက်ဆီဂျင်လိုအပ်ပါက ဆက်သွယ်နိုင်
DVB
·
August 6, 2021
ဂီတလောကသားများ အရေးပေါ်အောက်ဆီဂျင်လိုအပ်ပါက ဆက်သွယ်နိုင်
Donate to DVB

ရန်ကုန်မြို့က ဂီတလောကသားတွေအနေနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကပ်ဘေး ကာလအတွင်း အရေးပေါ်အောက်ဆီဂျင်လိုအပ်ပါက ဂီတကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့(ဂျီစီအေ)ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လူနာတွေအနေနဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံး သင့်ဘဲ ဆုံးရှုံးရတာတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းမှုမရှိတဲ့ အခြေအနေတွေနဲ့အတူ ဆေးရုံတွေမှာ ဆရာဝန်လုံလောက်မှု မရှိတာတွေကြောင့် လူနာတွေ တက်ရောက်ကုသနိုင်ဖို့ အခက်အခဲတွေလည်း ပိုမိုများပြားလာနေတာပါ။

လတ်တလောမှာတော့ ဒီအခြေအနေမှာ အရေးပေါ် အောက်ဆီဂျင်လိုအပ်လို့ ငှားရမ်းလိုသူ ဂီတလောကသားတွေအနေနဲ့ မှတ်ပုံတင်/အထောက်အထားတွေ ယူဆောင်လာကာ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်သွင်းပြီး အခမဲ့ ငှားရမ်းနိုင်မယ်လို့ ဆိုပါတယ်။

ဂီတကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့(ဂျီစီအေ)ကို ဆက်သွယ်နိုင်မယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအလွှာအလိုက် ဖုန်းနံပါတ်တွေနဲ့တကွ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာ နိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအဆိုရှင်များအသင်း၊ မြန်မာနိုင်ငံဂီတပညာရှင်များအသင်း(သံစဉ်ဂီတ)၊ မြန်မာနိုင်ငံအသံပညာရှင်များအသင်း၊ မြန်မာ့ဂီတအကျိုးစီးပွားကာကွယ်စောင့်ရှောက် ရေးအဖွဲ့စတဲ့ သက်ဆိုင်ရာအလွှာအသီးသီးကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော်နဲ့ စုစုပေါင်းကူးစက်ခံရသူ  ၃၂၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနက ဩဂုတ် ၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

လူနေထူထပ်တဲ့ မြို့တော်ရန်ကုန်က  သုသာန်တွေမှာတော့ ကိုဗစ်-၁၉ တတိယ လှိုင်းကာလအတွင်း နေ့စဉ်မီးသင်္ဂြိုဟ်ခဲ့ရတဲ့ ရုပ်အလောင်း ရာနဲ့ချီ ရှိနေတယ်လို့ နာရေးအကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

မြန်မာနိုင်ငံဂီတအစည်းအရုံး

ဦးစိုးမိုး - 09443243746

ဒေါ်သဉ္ဇာ(ရုံးအဖွဲ့မှူး) - 0944307086

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း

ဦးမင်းချစ်သူ -  09756039604

မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း

ဦးကိုကိုလွင် - 095000969

ဦးဇော်ထူးအောင် - 09799976799

မြန်မာနိုင်ငံအဆိုရှင်များအသင်း

ချောစုခင် - 095138749

မြန်မာနိုင်ငံဂီတပညာရှင်များအသင်း(သံစဉ်ဂီတ)

ဦးမောင်‌မောင်လွင် - 09454450046

ဦးဥက္ကာဦးသာ - 09252598988

မြန်မာနိုင်ငံအသံပညာရှင်များအသင်း

စသိန်းဇော်ထွေး(ခ)ဖိုးဇော် -095033398

ဦးစန်းဦး - 09440454339

မြန်မာ့ဂီတအကျိုးစီးပွါးကာကွယ်စောင့်ရှောက်ရေးအဖွဲ့

ဦးကြည်မင်းသိန်း - 09250650952

ဦးသိန်းမြင့်သန်း - 095169698

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013