DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ကပစ စက်ရုံ ၃ ရုံက ၂၁ ဦးအပါအဝင် ကိုဗစ်လူနာ ၈၄ ဦးတွေ့ရှိ
DVB
·
August 3, 2021
မင်းလှတွင် ကပစ စက်ရုံ ၃ ရုံက ၂၁ ဦးအပါအဝင် ကိုဗစ်လူနာ ၈၄ ဦးတွေ့ရှိ
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ သြဂုတ်လ ၂ ရက်နေ့က ကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ၃ ခုက ၂၁ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၄ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

မင်းလှမြို့နယ် ကျန်းမာရေးဌာနမှာ ကိုဗစ်ရောဂါပိုးရှိသူတွေနဲ့ ထိစပ်သံသယလူနာတွေနဲ့ အခြားမြို့နယ်တွေက ပြန်လာသူ ၂၄၀ ယောက်ကို RDT Test Kit နဲ့စစ်ဆေးခဲ့ရာ ကိုရင်တစ်ပါးအပါအဝင်၊ အမျိုးသား ၄၁ ယောက်နဲ့ အမျိုးသမီး ၄၃ ယောက်တို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေကို မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနဲ့ ကုသရေးစင်တာတွေကို ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေဖြစ်တဲ့ ကပစ (၂) က ၉ ယောက်၊ ကပစ (၁၀) က ၉ ယောက်နဲ့ ကပစ (၁၇) က ၃ ယောက် စုစုပေါင်း ၂၁ ဦးကိုတော့ အဲဒီစက်ရုံတွေက ကိုဗစ်စင်တာတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်ထဲမှာ သြဂုတ် ၂ ရက်နေ့အထိ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁,၂၁၅ ယောက်နဲ့ သေဆုံးသူ ၂၅ ယောက်ရှိပြီး ၈၀၂ ယောက်ကတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာလို့ ဆေးရုံကနေ ဆင်းခွင့်ရရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013