DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၆ လအတွင်း အကြမ်းဖက်စစ်တပ်၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူ ၉၃၉ ဦး ရှိလာ
DVB
·
July 30, 2021
အာဏာသိမ်း ၆ လအတွင်း အကြမ်းဖက်စစ်တပ်၏ လက်ချက်ဖြင့်  ကျဆုံးခဲ့ရသည့် ပြည်သူ ၉၃၉ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၉၉၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၄၄၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၂၉ ရက်ညနေပိုင်းက အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်စစ်အုပ်စု က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်းက ရွှေဝါဝင်းကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်းတိုက်၊ သာယာဝန်းကျောင်းတိုက်တို့ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ရွှေဝါဝင်းကျောင်းတိုက်ရဲ့ လက်ထောက်ဆရာတော် ဦးကော သလ၊ ဝိစာချကျောင်းတိုက်ဆရာတော် ဦးဩဘာသနဲ့ ကျောင်းသား ၂ ယောက်တို့ကို ဖမ်း ဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကတော့ မြတောင်ကျောင်းတိုက် အတွင်း ဖောက်ခွဲရေးတာ ဝန်ခံ နေလဝင်း(ခ)နို့ဆီဘူးကို ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ် လို့ စွပ်စွဲထုတ်ပြန်ထားတာပါ။ ရွှေဝါဝင်းကျောင်းတိုက်အတွင်း မွှေနှောက် ရှာဖွေနေတဲ့ အချိန်မှာ သေတ္တာတွေကို ရိုက်ဖွင့်သံများ၊ အော်ဟစ်သံတွေနဲ့ အမျိုးသမီးတယောက်ကို ရိုက်နှက်တဲ့ အသံတွေကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရလို့ အောက်ဆီဂျင် ရှူနေ ရတဲ့ ရွှေဝါဝင်းကျောင်းတိုက်ဆရာတော် ဦးပညာသီရိဘိဝံသ အမောဖောက်လာတဲ့အ တွက် ဆေးရုံပို့ဆောင်ချိန်မှာပဲ လမ်းမှာ ပျံလွန်တော်မူသွားတယ်လို့ သိရှိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ညအချိန်မှာပဲ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာနဲ့ လဘန်ကျေးရွာကြားက ခလရ ၅၈ မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ခလရ ၅၈ တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခလရ ၅၈ က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် လ ဘန်ကျေးရွာရှိ ကုမ္ပဏီဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကုမ္ပဏီလုပ်သား ကို အောင်းလီကို ထိမှန်ကာ ကျဆုံးသွားခဲ့ပြီး အလုပ်သမားတယောက် အပြင်းအထန်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကြည့်ငိုတောင်မှတော့ အကြမ်းဖက်စစ်အုပ် စုတပ်က ထောင်ထားတဲ့  မိုင်းနင်းမိပြီး သစ်ညီနောင်ကျေးရွာက အရပ်သား ၂ ယောက် ဖြစ်ကြတဲ့ ကိုမင်းထိုက်နဲ့ ကိုနိုင်မင်းတို့ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Photo -AAPP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013