DVB Logo
Home
မြန်မာသတင်း
သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဆင်ဖြူကျွန်းရွာသား ကိုအောင်ပိုင်အပါအဝင် ကျဆုံးပြည်သူ ၉၃၄ ဦး ရှိလာ
DVB
·
July 27, 2021
သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဆင်ဖြူကျွန်းရွာသား ကိုအောင်ပိုင်အပါအဝင် ကျဆုံးပြည်သူ ၉၃၄ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၃၄ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၉၁၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၇၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

       ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်က မမိုးသူခေါ် မမိုးသူဇာ ထွေးဟာ အင်းစိန်အကျဉ်းထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ဆေးကုသခံယူခွင့် အ ပြည့်အဝမရရှိတာကြောင့် ဇူလိုင် ၂၂ ရက်နေ့က ထောင်တွင်းမှာ ကျဆုံးသွားခဲ့တယ်လို့ သိ ရပါတယ်။

အလားတူ မတ် ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ပဲ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှ ဦးမြင့်ဝေဟာလည်း ကိုဗစ်-၁၉ ကူးစက်ခံရကာ အင်းစိန်ထောင်တွင်မှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါ တယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာမှာတော့ ဇူလိုင် ၂၄ ရက်နေ့က အကြမ်းဖက်စစ်အုပ်စု တပ်တွေ ဝင်ရောက်လာတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတဲ့ ဆိုင်ကယ်ကယ်ရီမောင်းသူတွေကို သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ဆိုင်ကယ် ကယ်ရီမောင်းသူ ဆင်ဖြူကျွန်းရွာသား ကိုအောင်ပိုင်ကို ထိမှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ရုပ်အလောင်းကိုလည်း အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ပေးအပ်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013