DVB Logo
Home
မြန်မာသတင်း
မိုးကုတ်ခါနန်အသင်းတော် ဒုဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
July 26, 2021
မိုးကုတ်ခါနန်အသင်းတော် ဒုဥက္ကဋ္ဌအပါအဝင် ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီး
Donate to DVB

မန္တ​လေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က မိုးကုတ် ခါနန်အသင်းတော်က ဒုဥက္ကဋ္ဌ အပါအဝင် ပြည်သူ ၅ ဦးအား ဒလန်နေအိမ်ကို မီးရှို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၅ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်နဲ့ အသင်းတော်ကုန်းရှိတဲ့ နေရာကို လာ​ဝိုင်းကြပြီး  အသင်းတော်ဒုဥက္ကဋ္ဌ၊ တာဝန်ရှိ အမျိုးသမီးတစ်ဦးနဲ့ လူငယ်သုံးဦးတို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ဆေးစရာရှိတယ်လို့ ဆိုပြီးခေါ်သွားတာဖြစ်ပြီး အသင်းတော်ရဲ့ ဒုဥက္ကဋ္ဌကို ဇူလိုင်လ ၂၅ ရက်နေ့ညနေမှာ ပြန်လွှတ်ပေးပြီး ဇူလိုင်လ ၂၆ ရက်နေ့​ နေ့ခင်းပိုင်းမှာ ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သက်သေအထောက်အထား တစုံတရာမရှိဘဲ ဒလန်အိမ်မီးရှို့တယ်လို့ စွပ်စွဲဖမ်းသွားတာဖြစ်ပြီး ရဲစခန်းမှာ ချုပ်နှောင်ထားလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013