DVB Logo
Home
မြန်မာသတင်း
မကွီအိမ်နူးရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း
DVB
·
July 26, 2021
မကွီအိမ်နူးရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း
Donate to DVB

ချင်းပြည်နယ် မင်းတပ်မြို့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ မကွီအိမ်နူး ရှေ့တန်း စခန်းတစ်ခုက စခန်းတာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ဟာ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ 

အဲဒီစခန်းက တပ်ဖွဲ့ဝင်တစ်ချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေလည်း ရှိနေသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီစခန်းကို သိမ်းပိုက်ဖို့အတွက် ဇူလိုင်လ ၂၄ ရက်နေ့က သွားခဲ့တာဖြစ်ပါတယ်။ 

စခန်းတာဝန်ရှိသူကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်မချရင် တိုက်ခိုက်ရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အချိန်မှာ စခန်းတာဝန်ရှိသူက တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ လက်နက်ချပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ 

မကွီအိမ်နူးရဲစခန်းဟာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ စစ်သားနဲ့ရဲနဲ့ ပူးပေါင်းထားတဲ့ စခန်းဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခင်မင်ရင်းနှီးမှုရှိပြီး အာဏာသိမ်းပြီး အခုကာလအထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013