DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သုသာန်များတွင် ယနေ့ ရုပ်အလောင်း ၉၀၀ နီးပါး မီးသင်္ဂြိုဟ်
DVB
·
July 24, 2021
ရန်ကုန်သုသာန်များတွင် ယနေ့  ရုပ်အလောင်း ၉၀၀ နီးပါး မီးသင်္ဂြိုဟ်
Donate to DVB

ရန်ကုန်မြို့ရှိ သုသာန် ၄ ခုမှာ  ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့ မီးသင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်း ၉၀၀ နီးပါးရှိခဲ့တယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။ 

ဒီနေ့ ရေဝေးမှာ ရုပ်အလောင်း ၃၀၀ ကျော်၊ ထိန်ပင်မှာ ၃၀၀ ကျော်၊ ကျီစုမှာ ၁၀၀ ကျော်၊ ကျူချောင်းမှာ ရုပ်အလောင်း ၁၅၀ ကျော်  မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ရေဝေးနဲ့ ထိန်ပင်ကနာရေးတွေကို ကူညီပေးနေတဲ့ ပရဟိတစေတနာ့ဝန်ထမ်း တစ်ဦးက  "၆ နာရီရောက်တဲ့ကားတွေဆိုရင်  မီးသင်္ဂြိုဟ်ပေးတယ်။ ၆ နာရီကျော်မှ ရောက်တဲ့ကားတွေဆို အအေးခန်းမှာထားပြီးနောက်နေ့မှ  သင်္ဂြိုဟ်ပေးတယ်။ ၃၀၀ ကျော်ကျော်ပဲရှိမယ်။ ကျလာပြီ။"လို့ ပြောပါတယ်။ 

ဇူလိုင် ၂၃ ရက်နေ့ကတော့ သုသာန် ၄ ခုမှာ  ရုပ်အလောင်း ၁၀၀၀ ကျော်လောက်  မီးသင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ မနေ့ကစပြီး ရန်ကုန်သုသာန်တွေမှာ ညနေ ၆ နာရီအထိပဲ  ရုပ်အလောင်းတွေကို  မီးသင်္ဂြိုဟ်ခွင့်ပြုပြီး အချိန်ကန့်သတ်လိုက်တဲ့အတွက် အချိန်အတွက်အခက်အခဲရှိနေတယ်လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ 

ကျီစုသုသာန်မှာ နာရေးကူညီပေနေတဲ့ ပရဟိတသမားတစ်ဦးက "အရင် တန်းစီနေကျ ညနေအထိ ကားတွေမရှိတော့ဘူး။ ဒီနေ့ ၁၀၀ ကျော်လောက်ပဲရှိတော့တယ်။ သုသာန်တွေက  ညနေ ၆နာရီကျော်ရင် တိုက်ရိုက်မီးရှို့တာတွေ လက်မခံတော့ဘူး။ အဲ့ဒီတော့ နောက်ကျတဲ့အလောင်းတွေဆို အိမ်မှာပဲ ထားခိုင်းရတော့တယ်။ အဲ့ဒီတစ်ခုတော့ အဆင်မပြေဘူး"

တခြားသုဿာန်တွေမှာ  မီးသင်္ဂြိုဟ်ရတဲ့ ရုပ်အလောင်းအရေအတွက် ကျသွားပေမယ့် ကျူချောင်း သုသာန်မှာတော့ သိသိသာသာ အရေအတွက်မကျသေးဘူးလို့ ပရဟိတ သမားတစ်ယောက်က ပြောပါတယ်။သုသာန်တွေမှာ နိဗ္ဗာန်ယာဉ်တွေများလွန်းတဲ့အတွက် ရုပ်အလောင်းတစ်ခု  မီးသင်္ဂြိုဟ်ဖို့ အချိန်သုံးနာရီလောက် တန်းစီစောင့်ရတယ်လို့ ဆိုပါတယ်။

ကျူချောင်းသုသာန်မှာ နာရေးကူညီပေးနေသူတစ်ဦးက  "ဒီနေ့ကျူချောင်း အခြေအနေကလည်း မနေ့ကနဲ့ မကွာပါဘူး။ ဒီနေ့လည်း ၁၅၀၊ ၁၆၀ လောက်သွားမှာပဲ။ အခက်အခဲကတော့ တန်းစီနေရတာပေါ့ဗျာ။ မနက် ၁၀ နာရီလောက်က တန်းစီတာ နေ့ခင်း ၁ နာရီလောက်မှ ကျနော့် ကားပေါ်က အလောင်းချရတယ်။ တခြားပြောထားတဲ့ Body တွေလည်း သွားမသယ်နိုင်။ အဲ့ဒီမှာတင် အချိန်တွေပုပ်တာပေါ့။ ပုံမှန်ဆို အချိန် ၃ နာရီလောက်အတွင်း ၅ လောင်း ၆လောင်းလောက် အကူအညီပေးလို့ရတယ်။”

ဇူလိုင် ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့ ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင်းသုဿန်လေးခုမှာ တစ်ရက်ကို ရုပ်အလောင်းစုစုပေါင်း ၆၀၀ ကျော် ၇၀၀နီးပါး  မီးသင်္ဂြိုဟ်ခဲ့ရါတယ်။

ဇူလိုင် ၂၀ ရက်နေ့မှာတော့ သုဿန်လေးခုမှာ ရုပ်အလောင်း ၁၂၀၀ ကျော် ၁၃၀၀ နီးပါး  မီးသင်္ဂြိုဟ်ပေးခဲ့ရပြီး ကိုဗစ်ကြောင့် အောက်ဆီဂျင်မရဘဲ သေဆုံးသူအရေအတွက်ဟာ အဆမတန်များပြားခဲ့ပါတယ်။ အောက်ဆီဂျင်လိုအပ်လို့ အကူအညီတောင်းနေသူတွေလည်း အများကြီးရှိနေသေးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

Photo- ဘိုစိန်လူမူကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013