DVB Logo
Home
မြန်မာသတင်း
အများပြည်သူအလုပ်ပိတ်ရက် သီတင်း ၁ ပတ်ထပ်တိုး၊ စာသင်ကျောင်းများ ၂ ပတ် ထပ်ပိတ်
DVB
·
July 24, 2021
အများပြည်သူအလုပ်ပိတ်ရက် သီတင်း ၁ ပတ်ထပ်တိုး၊ စာသင်ကျောင်းများ ၂ ပတ် ထပ်ပိတ်
Donate to DVB

အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဇူလိုင် ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ အထိ တစ်ဆက် တစ်စပ်တည်း ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၂၃ ရက်မှာ ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကနေ  ၂၅ ရက်နေ့အထိ တဆက်တည်းပိတ်ရက်အဖြစ်  သတ်မှတ်ခဲ့ရာက အခု ဩဂုတ် ၁ ရက်အထိ နောက်ထပ် သီတင်းတပတ်ကြာ တိုးမြှင့်သတ် လိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဆက်လက်ဖြတ်တောက် ဟန့်တားထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခြေအနေအရ ဘဏ်တွေမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြေညာ လိုက်တာပါ။

အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း မိမိတို့ရဲ့နေအိမ် သို့မဟုတ် အဆောင်တွေမှာသာ နေထိုင်ကြဖို့ တာဝန်နဲ့ နာရေးမှအပ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ဖို့၊ စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနရဲ့  ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့ အညီဖွင့်လှစ်ဖို့၊  ရုံးလုပ်ငန်းတွေ လစ်ဟင်းမှုမရှိစေရေး work from home နည်းလမ်း အခြား သင့်လျော်တဲ့ နည်းလမ်းတွေနဲ့ စီမံဆောင်ဖို့တွေလည်း သီးခြားအမိန့်ထုတ်ထားပါတယ်။

ဘဏ်တွေ၊ အစိုးရဆေးရုံမ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေဖွင့်ဖို့၊ စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနဲ့ အခြေခံစားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာတွေ ရောင်းချတဲ့ဆိုင်တွေဖွင့်လှစ်ဖို့နဲ့  စားသောက်ဆိုင် ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။

ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာ ဆောင်ရွက်ဖို့နဲ့ ကုန်တင်ကုန်ချဆိပ်ကမ်းတွေ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။ 

အိမ်ပြင်ထွက်ရင် ပါးစပ်၊ နှာခေါင်းစည်း(Mask) အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေးအစီအမံများ မဖြစ် မနေဝတ်ဆင်ရန်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီနဲ့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာဖို့နဲ့ လိုက်နာရန်ပျက်ကွက်ပါက အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ  နိုင်ငံတဝန်းရှိ အခြေခံပညာ စာသင်ကျောင်းတွေကိုလည်း  ကိုဗစ်-၁၉ ပြန့်ပွားမှုကို ဟန့်တား ထိန်းချုပ်ဖို့အတွက်  ဇူလိုင် ၂၆ မှ ဩဂုတ် ၈ ရက်အထိ သီတင်းနှစ်ပတ်ကြာ ဆက်လက်ပိတ်ထားမယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ တိုးလာနေပြီး  မနေ့က တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅,၅၀၆ ယောက်၊ သေဆုံးသူ ၃၂၆ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ညမှာကြေညာထားပါတယ်။

ရန်ကုန်မြို့ သုသာန်လေးခုမှာတော့  ဇူလိုင် ၂၃ ရက်က  မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013