DVB Logo
Home
မြန်မာသတင်း
သတင်းကြေညာသူများ “ကိုဗစ်ဆယ့်ကိုး”ဟုသာ ကြေညာရန် စစ်ကောင်စီခိုင်းစေ
DVB
·
July 23, 2021
သတင်းကြေညာသူများ “ကိုဗစ်ဆယ့်ကိုး”ဟုသာ ကြေညာရန် စစ်ကောင်စီခိုင်းစေ
Donate to DVB

သတင်းကြေညာသူတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါသတင်းနဲ့ ပတ်သက်ပြီး ဖတ်ကြား ကြေညာရာမှာ အင်္ဂလိပ်လို “ကိုဗစ်နိုင်တင်း”အသံထွက်အစား မြန်မာလို “ကိုဗစ်ဆယ့်ကိုး”လို့သာ ကြေညာဖို့ အကြမ်းဖက်စစ်ကောင်စီက ခိုင်းစေထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး  စစ်ကောင်စီ ရုပ်သံမီဒီယာတွေမှာ သတင်းကြေညာသူတွေက “ကိုဗစ်ဆယ့်ကိုး”လို့ ထည့်သွင်းကြေညာခဲ့ကြတာကို တွေ့ရပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ စတင်ကူးစက်ချိန်ကတည်းက ပြီးခဲ့တဲ့ ၁၈ လတာလုံးလုံးမှာ တော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်လို “ကိုဗစ်နိုင်တင်း”လို့သာ အသံထွက် ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက စတင်ကာ ရောဂါကူးစက်မှုတွေ၊ သေဆုံးမှုတွေ မြင့်တက်နေပြီး ဆေးရုံတွေမှာ ဆရာဝန်တွေ မလုံလောက်တဲ့ ပြသနာတွေ၊ အောက်ဆီဂျင်အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အင်္ဂလိပ်လို “နိုင်တင်း”လို့ အသံထွက်ဖတ်ရတဲ့ စကားလုံး ၂ လုံးဟာ နားထောင်ရခက်တာ၊ မြန်မာလို အသံထွက်အဓိပ္ပါယ်နဲ့ဆိုရင် ရောဂါက နိုင်တာ၊ လူတွေကို ရိုက်နှက် ထိုးနှက်တာ စတဲ့ အဓိပ္ပါယ်ဆောင်သလို ဖြစ်နေတာမို့ ပြောင်းလဲကြေညာခိုင်းတာ ဖြစ်မယ်လို့ အသီးသီး ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။

       အကြမ်းဖက်စစ်အုပ်စုအနေနဲ့ မကောင်းတဲ့ အသံအတိတ်နိမိတ်ကြောင့် ဒီစကားလုံးကို ပြောင်းလဲဖယ်ရှားပစ်ခဲ့တာလားဆိုတဲ့ အမေးကို စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန် ကြီးဌာန အကြီးတန်းတာဝန်ရှိသူတယောက်က ငြင်းဆိုထားပါတယ်။

“ကျနော်တို့ အရင်ကလည်း ဒီစကားလုံးကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ အသံ ထွက်အသုံးပြုခဲ့ပြီးပါပြီ။ ဒါပေမဲ့ မြန်မာပရိသတ်အတွက် ကျနော်တို့အနေနဲ့ မြန်မာလို အသံထွက်ပြောင်းသင့်တယ်လို့ ထင်ပါတယ်။ တခြားအကြောင်းရင်း မရှိပါဘူး”

       စစ်ကောင်စီ သတင်းမီဒီယာတွေပေါ်မှာတော့ အာဏာပိုင်တွေအနေနဲ့ ရောဂါကူး စက်ပျံ့ပွားမှု ထိန်းချုပ်ရေးအတွက် လုပ်ဆောင်နေကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ရောဂါ ကပ်ဘေးကနေ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဗုဒ္ဓအဆုံးအမအောက် လိုက် နာကျင့်သုံးသွားကြဖို့ နှိုးဆော်တာတွေကိုလည်း တွေ့ရပါတယ်။

မြန်မာပြည်သူအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပေမယ့် နတ်၊ နက္ခတ်ဗေဒင်၊ အဆောင်စတာတွေကို ယုံကြည်ကြသူတွေ အများစု ပါဝင်ပါတယ်။

       ထင်ရှားတဲ့ ဗေဒင်ဆရာတယောက်ဖြစ်တဲ့ တင်ထွဋ်ကတော့ “အာဏာပိုင်တွေ ခု လိုဘာကြောင့်ပြောင်းရသလဲတော့ မသိဘူး။ ဒါပေမဲ့ ကျနော်ကတော့ သဘောကျ တယ်။ မြန်မာလိုကာရန်နဲ့က “ကိုဗစ်ဆယ့်ကိုးရှေ့မတိုး”ပေါ့ဗျာ”လို့ ပြောပါတယ်။

REF- AFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013