DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှ ကျန်းမာရေးအခမဲ့ကူညီရန် Yangon Heroes က စေတနာ့ဝန်ထမ်း ဆရာဝန်များ ဖိတ်ခေါ်
DVB
·
July 21, 2021
အွန်လိုင်းမှ ကျန်းမာရေးအခမဲ့ကူညီရန် Yangon Heroes က စေတနာ့ဝန်ထမ်း ဆရာဝန်များ ဖိတ်ခေါ်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ အွန်လိုင်းစာမျက်နှာတွေပေါ်ကတဆင့် အများပြည်သူ ကျန်းမာရေး ကူညီစောင့်ရှောက်နိုင်ဖို့အတွက် Yangon Heroes အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဖိတ်ခေါ်နေပါတယ်။

Yangon Heroes အဖွဲ့ကိုတော့ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု၊ စေတနာ့ဝန်ထမ်း တွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို အခမဲ့စောင့် ရှောက်မှုပေးနိုင်ဖို့  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲမှာ ဖွဲ့စည်းထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူ သိသင့်သိထိုက်တဲ့ ကုသမှုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေကို အချိန်နဲ့ တပြေးညီ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ လွဲမှား တဲ့ စနစ်တွေကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နေပြီး စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေသူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေမှာ ကူညီနေကြတဲ့ ဆရာဝန်တွေကို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ မြန်မာနိုင်ငံမှာတော့ ခုရက်ပိုင်း တွေမှာ ရော ဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့ တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ် ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ ၉ ရက်ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Yangon Heroes အဖွဲ့မှာ အများပြည်သူကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်း ဆောင်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ ဖော်ပြပါ ဖောင်ကို ဖြည့်စွက်ပေး ပို့ကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013