DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကျန်းမာရေးအတွက် Yangon Heroes က စေတနာ့ဝန်ထမ်း ဆရာဝန်များခေါ်ယူ
DVB
·
September 18, 2021
ပြည်သူ့ကျန်းမာရေးအတွက် Yangon Heroes က စေတနာ့ဝန်ထမ်း ဆရာဝန်များခေါ်ယူ
Donate to DVB

အွန်လိုင်းစာမျက်နှာကတဆင့် အများပြည်သူတွေအတွက် ကျန်းမာရေးကူညီစောင့်ရှောက်နိုင်ဖို့ Yangon Heroes အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဖိတ်ခေါ်နေပါတယ်။ 

Yangon Heroes  အဖွဲ့ကိုတော့ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု၊ စေတနာ့ဝန်ထမ်းတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ အများပြည်သူကျန်းမာရေးအတွက် အခမဲ့စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဖွဲ့စည်းထူထောင်ခဲ့တာပါ။

အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ သိသင့်သိထိုက်တဲ့ ကုသမှုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တွေကို အချိန်နဲ့ တပြေးညီ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ လွဲမှားတဲ့ စနစ်တွေကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ မြင့်တက်နေပြီး စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေမှာ ကူညီနေကြတဲ့ ဆရာဝန်တွေကို ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူတဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဆိုင်ရာစစ်တမ်းမှာတော့ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြ ရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

Yangon Heroes အဖွဲ့မှာ အများပြည်သူကျန်းမာရေးအတွက် စေတနာ့ဝန်ထမ်းဆောင်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ ဖော်ပြပါ Google Doc Link ဖောင်ကို ဖြည့်စွက်ပေးပို့ကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLScIjJFxHAosqiNrPmSjVisKStp7dNCOlLJjNcFdDbRF6qUYFw/viewform?vc=0&c=0&w=1&flr=0&fbclid=IwAR03jBACN4BEn24Ujy6YKBl57DEpGX3u4xlHjVaaYBlp4c0wDNbk7lgB2UY

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013