DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ကချင်အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုကို KSWA အဖွဲ့က အပြင်းအထန်ရှုတ်ချ
DVB
·
July 19, 2021
စစ်တပ်က ကချင်အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုကို KSWA အဖွဲ့က အပြင်းအထန်ရှုတ်ချ
1 / 2
Donate to DVB

ကချင်အမျိုးသမီးတစ်ယောက်ကို စစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့အပေါ် အပြင်းအထန်ရှုတ်ချကြောင်း  ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက် (KSWA) က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က အသက် ၅၁ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာလို့ KSWAက ဇူလိုင် ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ဇူလိုင် ၁၄ ရက်မနက် ၁၀ နာရီလောက်မှာ နွယ်လန်းကျေးရွာနေ ဒေါ်မခေါ်ရွယ်ဟာ လယ်တောထဲ စပါးပျိုးကြဲဖို့အသွား အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င် စစ်သားသုံးယောက်က ပါးစပ်ကို အဝတ်နဲ့စို့ပြီး ရက်စက်စွာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

သူမရဲ့ လယ်တောအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ က တပ်စွဲထားတယ်လို့ သိရပါတယ်။

အခုလို တိုင်းရင်းသူအမျိုးသမီးတစ်ဦးကို လူသားမဆန်စွာ လိင်ပိုင်းဆိုင်ရာစော်ကား သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် လုံး၀ (လုံး၀ ) မပေးဘဲ ဥပဒေအရပြင်းထန်စွာ အရေးယူဖို့နဲ့ ပဋိပက္ခဖြစ်ပွားချိန်မှာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေ မပေါ်ပေါက်ဖို့ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး  ဇူလိုင် ၁၇ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ စစ်သား ၃ ဦးဟာ လယ်ကွင်းအနီးမှာ အမျိုးသမီးကြီးတဦးနဲ့ စကားများရာက ဒေါသအလျောက် ဓားနဲ့ထိုးခဲ့ပြီး ဓားကို ရွာအနီးချောင်းထဲ ပစ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတပ်သား ၃ ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး လူသတ်မှုနဲ့ပတ်သက်ပြီး ဗန်းမော်ရဲစခန်းမှာ စစ်ဆေးနေကြောင်း၊ အခြားပြစ်မှုတွေ ကျူးလွန်တာ ရှိ၊ မရှိ ရင်ခွဲစစ်ဆေးတာအပြင် ဓာတုဝန်ရုံးကို အချက်အလက်တွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဓာတုဝန်ရုံးရဲ့ အဖြေရလဒ်အပေါ် မူတည်ပြီး လူသတ်မှုအပြင် အခြားပြစ်မှုတွေကိုပါ စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013