DVB Logo
Home
Lead Story
ဖခင်ကလိုက်ထိန်းချုပ်နေသရွေ့ ဖျော်ဖြေပွဲမလုပ်ဟု ပေါ့ပ်အဆိုတော် ဘရစ်နေးစပီးယားပြော
DVB
·
July 18, 2021
ဖခင်ကလိုက်ထိန်းချုပ်နေသရွေ့ ဖျော်ဖြေပွဲမလုပ်ဟု ပေါ့ပ်အဆိုတော် ဘရစ်နေးစပီးယားပြော
Donate to DVB

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဘရစ်နေးစပီးယားဟာ သူ့ရဲ့ အနုပညာလုပ်ငန်းကို ဖခင်က ထိန်းချုပ်ထားသရွေ့ သူဖျော်ဖြေပွဲတွေ လုပ်မှာမဟုတ်သေးဘူးလို့ ဇူလိုင် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ထိန်းသိမ်းကာကွယ်သူအဖြစ် ၁၃ နှစ်ကြာ သူနေရခဲ့တဲ့ အဖြစ်ဟာ သူ့အိပ်မက်တွေကို သတ်ပစ်ခဲ့တယ်လို့လည်း ဘရစ်နေးက ပြောပါတယ်။

“ကျမ ဘာဝတ်မယ်၊ ဘာပြောမယ်၊ ဘာလုပ်မယ်၊ ဘာတွေးမယ်ကအစ အဖေက ကိုင်တွယ်နေသရွေ့ ကျမဘယ်စင်ပေါ်မှာမှ ဘယ်အချိန်မှာမှ ဖျော်ဖြေဦးမှာ မဟုတ်ဘူး” လို့ ဘရစ်နေးက အင်စတာဂရမ် လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်ပေး ရေးသားခဲ့တာပါ။

သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဘဏ္ဍာရေး ကိစ္စတွေကို ဖခင်က ထိန်းချုပ်ထားတာနဲ့ ပတ်သက်လို့ ခံစားချက်ဆိုင်ရာ မှတ်ချက်တွေလည်း သူ့မှာ တသီကြီး ရှိနေခဲ့ပါတယ်။

ပေါ့ပ် အဆိုတော်ရဲ့ ဖခင်ဂျေမီစပီးယားဟာ  သမီးဖြစ်သူရဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ တန် ပိုင်ဆိုင်မှုတွေကို ၂၀၀၈ ခုနှစ်က သူ စီစဉ်ထားပြီး တရားရုံးက ခန့်အပ်ထားတဲ့ အုပ်ထိန်းခွင့်အောက်မှာ တဦးတည်း ထိန်းချုပ် ထားတယ် လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။

အသက် ၃၉ နှစ်အရွယ် ဘရစ်နေးစပီးယားဟာ ဖွင့်ဟ မပြောတဲ့ စိတ်ကျန်းမာရေး ပြဿနာရှိပြီး ၂၀၁၈ နောက်ပိုင်းမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြီးတည်းက လူထုကို မဖျော်ဖြေတော့ဘဲနေခဲ့တာပါ။

ဒီသီတင်းပတ်ထဲမှာတော့ ဘရစ်နေးစပီးယားဟာ  အုပ်ထိန်းခွင့် အဆုံးသတ်ရေး သူ့ကိုယ်စား တရားရုံးမှာ ရင်ဆိုင်ဖို့ ရှေ့နေအသစ်ကို ခန့်အပ်ခဲ့ပြီး ထိန်းချုပ်မှုကိုလည်း အလွဲသုံးစားမှု အဖြစ် ခေါ်ဝေါ်ခဲ့ပါတယ်။

ဘရစ်နေးစပီးယားနဲ့ သူ့ရှေ့နေတို့ဟာ အုပ်ထိန်းခွင့် အဆုံးသတ်ရေး တရားဝင် တောင်းဆိုချက်ကို တရားရုံးမှာ မတင်ရသေးပါဘူး။ နောက်တချီ တရားရုံး ကြားနာပွဲကို လော့စ်အိန်ဂျလိစ်မြို့ မှာ စက်တင်ဘာ ၂၉ရက်မှာ ကြားနာမှာ ဖြစ်ပါတယ်။

ဘရစ်နေး စပီးယားကို အမှုဆင်ခြင်းလို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် တကားကတော့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး အာရုံစိုက်မှု ပိုကျယ်ကျယ်ပြန့်ပြန့် ရခဲ့ပြီး ဘရစ်တနေး စပီးယားအတွက် လူထု ထောက်ခံမှု ပိုများလာခဲ့ပါတယ်။

“မှတ်တမ်းရုပ်ရှင်တွေဟာ အတိတ်က အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့ ကာလ အခိုက်အတံ့ကို သယ်လာတဲ့ နည်းလမ်း ဖြစ်နေလို့ ကျမကြိုက်ဘူး။ ဒါတွေ အားလုံးကို ကျမကျော်ဖြတ်ခဲ့ ပြီးပြီလို့” ဘရစ်တနေး စပီးယားက ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားဟာ ဒီသီတင်းပတ်ထဲမှာ အမ်မီ ရုပ်ရှင်ဆု ၂ ဆုအတွက် နာမည်စာရင်းသွင်း ခံထားရပါတယ်။

PHOTO -REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013