DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်လျှပ်စစ်ရုံးကို ဗုံးခွဲခဲ့ဟု KDDF အဖွဲ့ကြေညာ
DVB
·
July 14, 2021
ကျောက်ဆည်လျှပ်စစ်ရုံးကို ဗုံးခွဲခဲ့ဟု  KDDF အဖွဲ့ကြေညာ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှာရှိတဲ့ လျှပ်စစ်ရုံးကို ဇူလိုင် ၁၄ ညနေ ၃ နာရီမှာ  ဗုံးခွဲခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF ကကြေညာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ပြည်သူတွေဟာ ကိုဗစ်-၁၉ ရောဂါနဲ့ပါ  စီးပွားရေးကျပ်တည်းနေချိန် ကျောက်ဆည်လျှပ်စစ်ရုံးEPC အဖွဲ့သားတွေက မီတာခတွေကို ဆက်ကြေးကောက်သလို ခြိမ်းခြောက်ကောက်ခံနေတာကြောင့်  ကျောက်ဆည်လျှပ်စစ်ရုံးကို ဗုံးခွဲအသိပေးလိုက်တာလို့ ဆိုပါတယ်။ 

"ရွာတွေက လူတွေကို ပိုဖိအားပေးပြီး လိုက်ကောက်နေတယ်။ ရွာကလူတွေက သူတို့တစ်အိမ်ထဲ မီးဖြတ်ခံရရင် အန်အယ်လ်ဒီအိမ်ဆိုပြီး  ဒုက္ခပေးခံရမှာကြောက်လို့ မရှိရှိတာ ချေးငှားပြီး ပေးနေရတယ်။ EPC ရုံးကို ပထမအကြိမ် သတိပေးစာထုတ်ပြန်ခဲ့ပြီးပြီး။ ဒါဟာ ဒုတိယအကြိမ် ဗုံးခွဲအသိပေးတာ။ ဆက်လုပ်နေ ဦးမယ်ဆိုရင် ပြည်သူ့ဆန္ဒအတိုင်း စီရင်သွားရမှာပဲ'' လို့ KDDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

ကျောက်ဆည်မြို့ပေါ်က လူငယ်တစ်ဦးကလည်း '' မီတာခကို သုံးလေးလစာ ပေါင်းကောက်တယ်။ မီတာလာကောက်ရင်လည်း အနည်းဆုံး ၂ ယောက်လောက် အမြဲလာတယ်။ မပေးရင် တရားစွဲမယ်လို့ ပြောတယ်။ တချို့အိမ်တွေဆို လက်နက်နဲ့ပါ ခြိမ်းခြောက်တယ်။ ကျနော်တို့က မပေးနိုင်လို့ လာတာနဲ့ တံခါးစွဲပိတ်ပြီး နေရတယ်'' လို့ ပြောပါတယ်။

ကျောက်ဆည်ဒေသကရွာသားတစ်ဦးကလည်း " ကျနော်တို့ဆို မီတာခမပေးလို့မရဘူး။ အိမ်က မိသားစုတွေက ကိုဗစ်ဖြစ်နေလို့ အောက်ဆီဂျင်တပ်ထားရတာ။ သူတို့မီးဖြတ်သွားရင် အကုန်ဒုက္ခရောက်မှာ'' လို့ ပြောပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေချိန် အခြေခံ လူတန်းစာတွေအတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့သလို  မီတာခ အပါအဝင်  အခွန်အခတွေ လျော့ပေါ့ပေးတာ ၊ ကင်းလွတ်ခွင့်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခု စစ်တပ်အာဏာသိမ်းပြီးနောက်  ကိုဗစ် တတိယလှိုင်းနဲ့ ပြည်သူတွေ အကြီးအကျယ် ဒုက္ခအခက်အခဲနဲ့ ကြုံတွေ့နေရချိန်မှာ စစ်ကောင်စီက မီတာခနဲ့ အခွန်တွေ အတင်းအကျပ် လိုက်ကောက်ခံနေတာ ဖြစ်ပါတယ်။ 

Photo Credit- MESC KyauKse

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013