DVB Logo
Home
မြန်မာသတင်း
အောက်ဆီဂျင်အခက်အခဲအတွက် “အသက်ရှူသံများ မျှ​ဝေစို့” ရန်ပုံငွေကမ်ပိန်း အားလုံးပါဝင်နိုင်
DVB
·
July 13, 2021
အောက်ဆီဂျင်အခက်အခဲအတွက် “အသက်ရှူသံများ မျှ​ဝေစို့” ရန်ပုံငွေကမ်ပိန်း အားလုံးပါဝင်နိုင်
Donate to DVB

တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်ရေးမှာ လိုအပ်နေတဲ့ အောက်ဆီဂျင် အခက်အခဲတွေအတွက် ဆေးတက္ကသိုလ်-၁ ​ကျောင်းသားသမဂ္ဂက ဦးဆောင်တဲ့ ရန်ပုံငွေကမ်ပိန်းမှာ ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

ပတ်ဝန်းကျင်မှာ ခုနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေ တနေ့တခြား များပြားလာ​‌နေပြီး ဒီရောဂါဖြစ်ရင်​တော့ oxygen cylinder ဟာ မရှိမဖြစ်​ဆောင်ထားရတဲ့ အရာဖြစ်တာမို့ အောက်ဆီဂျင် ခက်ခဲ​နေတဲ့သူ​တွေအတွက် ကူ​ပေးနိုင်ဖို့ “အသက်ရှူသံများ မျှ​ဝေစို့” ကမ်ပိန်းကို စတင်လိုက်တာလို့ ဆိုပါတယ်။

ဒီကမ်ပိန်းက ရရှိတဲ့ အလှူ​ငွေ​တွေကိုတော့ အောက်ဆီဂျင်စက်ရုံ တည်​ဆောက်ဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ကာ အဲဒီကနေ တရက်ကို  #40L oxygen cylinder အလုံး ၃၀ ကနေ ၄၀ အထိ ဖြည့်တင်း​ပေးနိုင်မှာ ဖြစ်ပါတယ်။

အောက်ဆီဂျင်စက်ရုံတခု တည်​ဆောက်လည်ပတ်ဖို့  ခန့်မှန်းကုန်ကျစရိတ် ကျပ် သိန်း ၁၂၀၀ ကျော်လောက် ကျသင့်မှာမို့ တဦးတယောက်အားနဲ့ မနိုင်တဲ့ ပမာဏအတွက် ပြည်သူအားလုံး အုတ်တချပ် သဲတပွင့် ပါဝင်လှူဒါန်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

လတ်တလော တကျော့ပြန်ကူးစက်ပျံ့နှံ့မှုတွေ များပြားလာနေတဲ့ ကိုဗစ်ကပ်ဘေး တတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းဟာ တခြားသော တိုင်းနဲ့ ပြည်နယ်တွေနည်းတူ လူနေ ထူထပ်တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အဆိုးဝါးဆုံး အခြေအနေမှာ ရှိနေပြီး အောက်ဆီဂျင်လိုအပ်တဲ့ ပြဿနာတွေနဲ့ လိုအပ်ချက်တွေ ရှိလာနေတာ ဖြစ်ပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လတ်တလောအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁ သိန်း ၉ သောင်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၉၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ရောဂါ ကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013