DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၁၀ မြို့နယ်အပါအဝင် ၁၄ မြို့နယ်ကို Stay at home သတ်မှတ်
DVB
·
July 8, 2021
ရန်ကုန်တိုင်း ၁၀ မြို့နယ်အပါအဝင် ၁၄ မြို့နယ်ကို  Stay at home သတ်မှတ်
Donate to DVB

ရန်ကုန်တိုင်း ၁၀ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၃ ခုရှိ မြို့နယ် ၁၄ မြို့နယ်ကို Stay at home သတ်မှတ်ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၇ ရက်မှာ ကြေညာပါတယ်။

Stay at home သတ်မှတ်လိုက်တဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်းက မင်္ဂလာဒုံ၊ မှော်ဘီ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွှန့်နဲ့ ဗဟန်းမြို့နယ်တို့ပါဝင်ပြီး မကွေးတိုင်းက ဂန့်ဂေါမြို့နယ်၊ မွန်ပြည်နယ်က မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်တို့ ပါဝင်ပါတယ်။ 

Stay at home အမိန့်ဟာ  ဇူလိုင် ၈ ရက်နေ့ မနက် ၄ နာရီက စတင်မှာဖြစ်ပြီး မလိုက်နာသူတွေ တရားဥပဒေအရ အရေးယူခံရမယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းစတင်ပြီးနောက်  စုစုပေါင်း မြို့နယ် ၃၆ မြို့နယ်ကို စစ်ကောင်စီက stay at home ကြေညာထားပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၃၉၄၇ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၅၇ ဦး ရှိတယ်လို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၇ ညမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013