DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သူများအတွက် လေးစားဂါရဝပြုကြောင်း CNDF ထုတ်ပြန်
DVB
·
July 7, 2021
ဖလမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သူများအတွက် လေးစားဂါရဝပြုကြောင်း CNDF ထုတ်ပြန်
Donate to DVB

ဖလမ်းမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့သူတွေအတွက် လေးစားဂါရဝပြုကြောင်း ဒေသခံ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) က ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇွန်လ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲလောက်က စတင်ကာ CNDF နဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တို့ကြား အချိန်နှစ်နာရီခန့်အကြာ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်ဘက်က အနည်းဆုံး ၂၀ လောက် သေဆုံးခဲ့ပြီး ဒေသခံ CNDF ဘက်ကတော့ ၅ ဦးကျဆုံးခဲ့တာပါ။ 

ကျဆုံးသူတွေက ဆလိုင်းနိုင်အောင် (၂၂ နှစ်)၊ ဆလိုင်းကျော်ဆန်းဝင်း (၂၃ နှစ်)၊ ဆလိုင်းတီလ်ဟုပ် (၄၁ နှစ်)၊ ဆလိုင်းဗန်ဘွဲ့ (၂၂ နှစ်) နဲ့ ဆလိုင်းထောင်းဇဲလ် (၂၂ နှစ်) တို့ဖြစ်ပါတယ်။ 

မိမိလူမျိုးနဲ့ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ CNDF တပ်ဖွဲ့ဝင်တွေကို လေးစားဂါရဝပြုကြောင်းနှင့် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်း ဒီကနေ့ ရက်စွဲနဲ့ CNO လူမှုကွန်ရက်စာမျက်နှာက ကြေညာထုတ်ပြန်လိုက်ပါတယ်။ 

ချင်းပြည်နယ်အတွင်း Chin National Army, Chinland Defense Force-CDF, Chin National Defence Force-CNDF နဲ့ Zomi Federal Union-ZFU တို့က စစ်အာဏာရှင်ကို အတူတကွ လက်တွဲကာ တိုက်ထုတ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013