DVB Logo
Home
မြန်မာသတင်း
အတိုင်ပင်ခံ၊ သမ္မတနှင့် ဒေါက်တာမျိုးအောင်တို့အမှု ရှေ့နေများ၏လျှောက်လဲချက်အားလုံး တရားရုံးပယ်ချ
DVB
·
July 7, 2021
အတိုင်ပင်ခံ၊ သမ္မတနှင့် ဒေါက်တာမျိုးအောင်တို့အမှု ရှေ့နေများ၏လျှောက်လဲချက်အားလုံး တရားရုံးပယ်ချ
Donate to DVB

အတိုင်ပင်ခံ၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရတဲ့အမှုမှာ ရှေ့နေတွေရဲ့ လျှောက်လဲချက်အားလုံးကို တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

ဇူလိုင် ၆ ရက်နေ့က နေပြည်တော်ခြံအမှတ် ၁ အထူးတရားရုံးမှာ အတိုင်ပင်ခံ၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲ အစွဲခံထားရတဲ့ ၅၀၅(ခ)အမှုအတွက် ရှေ့နေတွေရဲ့ လျှောက်လဲချက်အားလုံးကို တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

ဇွန် ၂၉ ရက်နေ့ ရုံးချိန်းတုန်းက တရာလိုတင်သွင်းတဲ့ စာရွက်စာတမ်းတွေကို တရားရုံးက သက်သေအဖြစ်လက်ခံကြောင်း အမိန့်ချခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့မှာတော့ ရှေ့နေတွေက သက်သေအဖြစ်လက်မခံနိုင်ကြောင်း ခရိုင်အဆင့်တရားရုံးကို အယူခံဝင်ဖို့ကြိုးစားခဲ့ပေမယ့် ခရိုင်တရားရုံးက ပလပ်ခဲ့ပါတယ်။ 

ဇူလိုင် ၆ ရက်နေ့ရုံးချိန်းမှာလည်း တရားလိုက သက်သေအဖြစ် စာရွက်စာတမ်းတွေ ထပ်မံတင်သွင်းခဲ့ပြီး ရှေ့နေတွေက ထပ်မံကန့်ကွက်ခဲ့ပေမယ့် တရားရုံးက သက်သေအဖြစ်လက်ခံခဲ့ပါတယ်။ 

တရားလိုကို စစ်ဆေးတာဆိုင်းငံ့ဖို့  ရှေ့နေတွေက ထပ်ပြီးလျှောက်လဲချက်တင်တာကိုလည်း တရားရုံးက ပယ်ချပြီး တရားလိုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ 

တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အများကြီးနစ်နာခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ဒီအမှုကိုဆက်စစ်မယ်ဆိုရင် စွပ်စွဲခံရသူတွေဟာ အခွင့်အရေးတွေ နစ်နာဆုံးရှုံးရမှာဖြစ်တယ်။ အများပြည်သူတွေက တရားရုံးတွေအပေါ်လေးစားယုံကြည်နိုင်ဖို့နဲ့ အမှုသည်တွေရဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုတွေမရှိစေရေးအတွက် အထက်တရားရုံးက ကျမတို့ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို လက်ခံမယ်ဆိုရင် အခုစစ်ဆေးမှုတွေဟာ အဟောသိကံ ဖြစ်သွားမှာဖြစ်တဲ့အတွက် ကျမတို့က တရားလိုကို ဆက်လက်စစ်ဆေးတာကို ဆိုင်းငံ့ဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။  ဒါပေမယ့် တရားရုံးက တရားလို ဦးစိုးစိုးရွှေကို ဆက်လက်စစ်ဆေးဖို့ အမိန့်ကိုချခဲ့ပါတယ်။"

တရားလိုတင်သွင်းတဲ့ သက်သေတွေဟာ အမှုအတွက် အရေးပါတဲ့အတွက် အမှုမှန်ဆုံးဖြတ်နိုင်အောင် မန္တလေးတိုင်းတရားရုံးကို အယူခံဆက်တက်မယ်လို့  ရှေ့နေတွေကပြောပါတယ်။ ရှေ့နေတွေကန့်ကွက်ခဲ့ပေမယ့် မြို့နယ်တရားရုံးကတော့ တရားလိုအပါအဝင် လိုပြသက်သေတစ်ယောက်ကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့တဲ့အတွက် စုစုပေါင်းအမှု ၇ မှုဖြစ်ပါတယ်။ 

ဇူလိုင် ၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စွဲထားတဲ့ အမှုလေးခုအတွက် တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းတွေကတော့ မှုခင်းစီမံခန့်ခွဲရေး အစည်းအဝေးသဘောတူညီချက်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ဆက်စစ်ဖို့  တရားရုံးကဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013