DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်ကဖမ်းသွားပြီး သေဆုံးခဲ့သည့်လူငယ်အား မိသားစုကိုအသိမပေးဘဲ မီးသင်္ဂြိုဟ်
DVB
·
July 2, 2021
အကြမ်းဖက်စစ်တပ်ကဖမ်းသွားပြီး သေဆုံးခဲ့သည့်လူငယ်အား မိသားစုကိုအသိမပေးဘဲ မီးသင်္ဂြိုဟ်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး သုံးရက်အကြာမှာ သေဆုံးသွားတဲ့ ၁၉ နှစ်အရွယ် မောင်အောင်အောင်လွင်ရဲ့ အလောင်းကို မိသားစုဝင်တွေ တွေ့ခွင့်မရဘဲ ဇူလိုင်လ ၁ ရက်နေ့က မီးသင်္ဂြိုဟ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ညက ရွှေတောင်မြို့၊ ကသည်းတန်းလမ်း ကြာနီကန်ရပ်ကွက်က သေဆုံးသူ မောင်အောင်အောင်လွင်ဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အော်ဆဲနေချိန် ရွှေတောင်မြို့ အမြှောက်တပ်ရဲ့ ထမင်းချက်ဖြစ်သူက ဗွီဒီယိုရိုက်ကာ တိုင်ကြားခဲ့လို့ အဲ့ဒီညမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခံခဲ့ရတာပါ။

မိသားစုနဲ့နီးစပ်သူတစ်ဦးက “ကျနော်တို့ စုံစမ်းတော့ မောင်အောင်အောင်လွင်ဟာ အမြှောက်တပ်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာ သိပြီးလိုက်သွားချိန်မှာ စစ်ကောင်စီက ပိုက်ဆံကုန်မယ်ပြောတယ်။ ကုန်ချင်သလောက်ကုန် ပေးမယ်လို့လည်း ပြောထားပြီးသား အဲ့တာကို မိသားစုဝင်တွေက မုန့်တွေဘာတွေသွားပို့တယ် ယူထားတယ်၊ ကလေးနဲ့တွေ့ခွင့်မပေးဘူး။ ဇူလိုင်လ ၁ ရက်မနက်မှာ မိဘများကသွားတွေ့ချိန်မှာ သေဆုံးကြောင်းနဲ့ ဆေးရုံတင်ထားရကြောင်း မပြောဘဲ နေ့လယ်ပိုင်းမှ စစ်ကောင်စီကကားနဲ့ လာခေါ်သွားပြီး အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားအတဲ့အကြောင်း ပြောတယ်” လို့ ဆိုပါတယ်။

မိဘတွေနေအိမ်မှာ မောင်အောင်အောင်လွင်ရဲ့ အဝတ်အစားတွေဖြန့်ထားပြီး သပိတ်သွတ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မိသားစုဝင်တစ်ဦးက "မနက်ပိုင်း မုန့်သွားပို့ကတည်းက ပြောပြသင့်တယ်လေ၊ ညနေ ၃ နာရီလောက်မှ သူ့အဖေနဲ့ အမေကို လာခေါ်သွားပြီး သေတဲ့အကြောင်းပြောတာ တွေ့ခွင့်မရတဲ့အပြင် ရောက်တော့ မီးခိုးငွေ့ပဲမြင်ရတော့တယ်" လို့ ပြောပါတယ်။

မိဘတွေကို ရွှေတောင်မြို့ရဲစခန်းက ခေါ်တွေ့ကာ စိတ်မကောင်းကြောင်းပြောဆိုပြီး နောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်တာကြောင့် အခုကိစ္စတွေကို ဘယ်သူ့မှမပြောဖို့ မှာလိုက်တယ်လို့ မိသားစုရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကိုဆဲဆိုတဲ့ ဗွီဒီယိုရိုက်ပြီး တိုင်လိုက်တဲ့ စစ်တပ်က ထမင်းချက်ဖြစ်သူဟာ သူ့မိသားစုကိုခေါ်ပြီး ထွက်ပြေးသွားခဲ့ပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013