DVB Logo
Home
မြန်မာသတင်း
ဆုန်ခလာခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
July 1, 2021
ဆုန်ခလာခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် Bang Klam နယ်မြေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး နဲ့ လမ်းပြတစ်ဦးတို့ကို ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။

စစ်သားတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ရဲတွေနဲ့ ဒေသခံအာဏာပိုင်တွေ ပါဝင်တဲ့ စုပေါင်းအဖွဲ့ ဟာ Tha Chang နယ်မြေခွဲထဲက သစ်တောနယ်မြေတခုထဲမှာ ဝန်စည်စလယ်တွေနဲ့ စုဝေးနေကြတဲ့ လူအုပ်စုတစုကို တွေ့ရှိခဲ့တာပါ။ 

သူတို့အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး၊ သူတို့ကို မေးခွန်းတွေမေးဖို့ ခေါ်ဆောင် ထိန်းသိမ်းထားတယ်လို့ ဖမ်းဆီးရေးအဖွဲ့ကို ဦးဆောင်သူ Bang Klam ခရိုင်အကြီးအကဲ Surat Laichan က ပြောကြားခဲ့ပါတယ်။ 

မေးမြန်းကြည့်ရာမှာတော့ ရွှေ့ပြောင်းသူတွေဟာ သူတို့ကို ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို နယ်စပ် ကူညီဖြတ်ကျော်ပေးဖို့ မြန်မာပွဲစားတစ်ယောက်အား တယောက်ကို ရင်းဂစ် ၃၅၀၀ (ဘတ် ၃၀,၀၀၀ နီးပါး) ပေးထားခဲ့ရတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ နယ်စပ်ကို သဘာဝတောလမ်းအတိုင်း ဖြတ်ကျော်ခဲ့တာ ဖြစ်ပြီး သစ်တောနယ်မြေထဲမှာ ၄ ရက်လောက် ပုန်းအောင်းနေခဲ့ရပြီးမှ မြန်မာလမ်းပြ အသက် ၃၃ နှစ်အရွယ် ခိုင်ဇင်ထွန်းနဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

လမ်းပြကိုတော့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို အဖမ်းခံရခြင်းနဲ့ ရက်လွန်နေထိုင်ခြင်းတို့ကနေ အဖမ်းခံရမှာကိုရှောင်လွှဲဖို့ ကူညီပေးခြင်း သို့မဟုတ် ခိုလှုံဖို့ စီစဉ်ပေးခြင်းတွေနဲ့ တရားစွဲထားပါတယ်။ 

မြန်မာရွှေ့ပြောင်း ၁၁ ဦးကိုတော့ တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013