DVB Logo
Home
မြန်မာသတင်း
အိုးဘိုအကျဉ်းထောင်ကနေ သံဃာတချို့ ၊ ဓာတ်ပုံသတင်းထောက်နှင့် မသန်စွမ်းတို့ ပြန်လွတ်
DVB
·
July 1, 2021
အိုးဘိုအကျဉ်းထောင်ကနေ သံဃာတချို့ ၊ ဓာတ်ပုံသတင်းထောက်နှင့် မသန်စွမ်းတို့ ပြန်လွတ်
Donate to DVB

ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

လွှတ်ပေးတဲ့အထဲမှာ မေ ၉ ရက်နေ့က မန္တလေး သံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီး ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း နဲ့ ၁၁၂ လမ်းအနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ မသန်စွမ်းအမျိုးသား ကိုစိုင်းလှမင်း ပါဝင်လာခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့က လမ်း ၃၀၊ ၈၃ လမ်း နဲ့ ၈၄ လမ်းမှာ မန္တလေး သံဃသမဂ္ဂစစ်ကြောင်း ကို အကြမ်းဖက် ဖြိုခွင်းပြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သံဃာ ၂ ပါးလည်း လွတ်မြောက်ခဲ့ပါတယ်။

ဒါ့အပြင် မေ ၂၈ ရက်နေ့ကပဲ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ထဲ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခံရတဲ့ Myanmar Pressphoto Agency က ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော်လည်း လွတ်မြောက်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။

မန္တလေး အိုးဘိုထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို ည ၇ နာရီကျော်က စလွှတ်တာဖြစ်ပြီး ညမထွက်ရသတ်မှတ်ထားတဲ့ ၁၀ နာရီကျော်တဲ့အထိ လွှတ်ပေးနေတယ်လို့ သိရပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီးခံရသူတွေကို ၃ ရက် ခွဲပြီးလွှတ်ပေမယ်လို့ သိရပြီး ဇွန်လ ၃၀ ရက်နေ့မှာတော့ ၁၇၀ ကျော် လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013