Home
မြန်မာသတင်း
မင်းလှက ကျောင်းဆရာတဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ စာသင်ကျောင်း ၂ ပတ်ပိတ်
DVB
·
June 30, 2021
201782370_1126941157799893_8702744703205634598_n

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာ၊ အ.မ.က အလယ်ကုန်းကျောင်းက အထွေအထွေလုပ်သား၊ စတုတ္ထတန်းသင်တဲ့ ကျောင်းဆရာတဦးကို စစ်ဆေးခဲ့ရာက ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် စာသင်ကျောင်းကို ၂ ပတ်ပိတ်ထားတယ်လို့ သိရပါတယ်။

အဲဒိကျောင်းဆရာနဲ့ ထိစပ်ခဲ့သူတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်ဟာ သာယာဝတီခရိုင်အတွင်း  ကိုဗစ် - ၁၉ ရောဂါပိုး ဒုတိယကူးစက်မှုအများဆုံး မြို့နယ်လည်းဖြစ်ပြီး မင်းလှမြို့မစျေးအား ပိတ်သင့်မပိတ်သင့်ကို သက်ဆိုင်ရာက ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ ဇွန် ၂၉ ရက် ညနေပိုင်းအထိ ပိုးတွေလူနာ ၁၉၃ ဦးနဲ့ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ မြို့နယ်ကျန်းမားရေးဌာနက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024