DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဆရာတော်များအတွက် ဆုတောင်းကူညီပေးကြရန် ‌KBC တောင်းဆို
DVB
·
June 29, 2021
ဖမ်းဆီးခံ ဆရာတော်များအတွက် ဆုတောင်းကူညီပေးကြရန် ‌KBC တောင်းဆို
Donate to DVB

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်များအတွက် ဆုတောင်းပေးကြဖို့ ‌KBC က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် လွန်ခဲ့တဲ့မတ်လ ၃ ရက်နေ့က နောင်မွန်းမြို့ရှိ ရိုးရာယဥ်‌ကျေးမှုခန်းမမှာ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံက ဆရာတော်တွေ ဦးဆောင်ပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

အဆိုပါဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ ဆရာတော် ၅ ပါးအနက် ကေဘီစီအသင်းတော်က ဆရာတော်ဂိုရှန်ဆင်ဆားရ် အပါအ၀င် သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ဇွန်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီခန့်ရပ်ရွာလူကြီး ယောရှုက တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ 

လက်ရှိမှာ သူတို့ကို တရားရင်ဆိုင်ဖို့ ပူတာအိုကို ခေါ်ဆောင်သွားပြီး ဖမ်းဆီးခံ ဆရာတော်သုံးပါးအတွက် ဆုတောင်းကူညီပေးကြဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်းတောင်းဆိုလိုက်တာပါ။

လွန်ခဲ့တဲ့ ဧပြီလနဲ့မေလအတွင်း နောင်မွန်းမြို့မှာ စည်းရုံးရေးလာဆင်းတဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးဒါဇွမ်ယော်ရမ်နဲ့ ရ၀မ်ရိုးရာယဉ်ကျေးမှုဒုဥက္ကဋ္ဌ ဦးထံဖူးဒဂုဏ်တို့က ကေဘီစီဆရာတော်တွေဟာ ကေအိုင်အေ သင်တန်းတက်ထားသူတွေဖြစ်ပြီး ဖမ်းဆီးမယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ 

နောင်မွန်းသာသနာနယ်အတွင်းရှိ အမှုတော်ဆောင်တွေ တစ်စုံတစ်ရာထိပါးမှုရှိလာပါက စွပ်စွဲပြောဆိုထားသူတို့မှာ တာ၀န်ရှိကြောင်း နောင်မွန်းဇုန်နယ်အသင်းတော်များက မေလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013