ကျောက်တော်မြို့အနီး မဟာမုနိဘုရားဝင်းထဲမှာရှိတဲ့ တပ်မတော်တပ်စခန်းတစ်ခုကို ဇွန် ၂၇ ရက်နေ့ ညနေပိုင်းမှာ အေအေက ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရသေးပေမယ့် စစ်ကောင်စီလက်နက်ကိုင်တွေကတော့ ဒီမနက်မှာ မဟာမုနိဘုရားကို စစ်ကားတွေနဲ့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ အေအေဘက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဒေသတွင်းမီဒီယာတွေကိုတော့ လူငယ်ဘာသာဘာဝ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဖြေရှင်းပြီးသွားပြီလို့ အေအေပြောခွင့်ရ ခိုင်သုခက ဖြေကြားထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ အေအေနဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဘာသာရေး အဆောက်အအုံတွေ၊ ဘုရားဝင်းတွေထဲ တပ်စွဲထားခဲ့ကြတာဖြစ်ပြီး ခုချိန်ထိလည်း တပ်စွဲထားတဲ့နေရာ အများအပြား ရှိနေပါတယ်။