DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူအား သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်
DVB
·
July 17, 2020
ကျောက်တော်မြို့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူအား သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၃၃၉ ဟာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူကို သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။

"ရောဂါပိုးတွေ့သူက ကျောက်တော်မြို့နယ်၊ အင်ဘာရီကျေးရွာကဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင်ပြန်လာတဲ့သူကို ပေါက်တောမြိုနယ် ဆင်တက်မော် ဘင်္ဂါလီIDP စခန်းကနေ သွားရောက်ခေါ်ဆောင်ခဲ့သူ ဖြစ်တယ်။ သူတို့ နှစ်ယောက်က မော်တော်ဘုတ်နဲ့ သွားခေါ်ကြတာ။ သူတို့ သုံးဦးလုံးကို အင်ဘာရီကျေးရွာအနီး အဆောက်အအုံတခုမှာ Facility Quarantine ထားရှိ ပြီး သူတို့ သုံးဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ပထမအကြိမ် စစ်ဆေးရာမှ ပိုး မတွေ့ဘူး။ Quarantine ရက်မစေ့မှီ ဒုတိယအကြိမ် စစ်ဆေးဖို့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် တွေကို သွားယူရာမှာ ဘင်္ဂလားပြန်ကိုသွားခေါ်သူ နှစ်ဦးထဲက တစ်ဦးကထွက်ပြေးသွားတယ်။ ဒါကြောင့် နှစ်ဦးကို စစ်ဆေးရာမှာ ဘင်္ဂလားပြန်မှာပိုးမတွေ့ဘဲ့ သွားခေါ်သူမှာ ပိုးတွေ့နေတယ်။ အခု ထွက်ပြေးသွားသူ ကိုလည်း လိုက်ရှာနေတယ်။" လို့ပြောပါတယ်။

ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၃၉ မှာ အသက် ၂၇ နှစ်အရွယ် အမျိုသား တစ်ဦး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပြန်လာသူ အဘူမာရာစ်ကို ဆင်တက်မော် IDP စခန်းမှ ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာသို့ အဘူဆေယော် (၂၂ နှစ်) နဲ့အတူ သွားရောက် ခေါ်ဆောင်ခဲ့သူဖြစ်ပါတယ်။

သူတို့ ၃ ဦးကို ဇွန်လ ၂၆ ရက်နေ့မှာ အင်ဘာရီကျေးရွာအဝင် အဆောက်အအုံမှာ အသွားအလာ ကန့်သတ်မှု Facility Quarantine ထားရှိပြီး ဇွန်လ ၂၈ ရက်နေ့မှာ သူတို့ရဲ့ နှာခေါင်း နှင့်အာခေါင်တို့ဖတ်တွေကို ပထမအကြိမ် အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ ရောပိုးမတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ဒုတိယအကြိမ်ထပ်မံပြီး ဓါတ်ခွဲနမူနာယူရာမှာ ထွက်ပြေးသွားခဲ့သူ အဘူဆေယော်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ရှာဖွေနေပါတယ်။

ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၃၉ ကို စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းခြင်းမပြုမီ ဓာတ်ခွဲနမူနာထပ်မံယူဆောင်ဖို့ စီစဉ်ထားရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013