DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲ ၂ ဦး၏ဖခင် ဝရမ်းထုတ်ခံရ
DVB
·
June 26, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့သည့် ရဲ ၂ ဦး၏ဖခင် ဝရမ်းထုတ်ခံရ
Donate to DVB

စစ်တပ်အာဏာမှုကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကြံခင်းက ရဲဝန်ထမ်း ၂ ဦးရဲ့ ဖခင်ကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံရတဲ့ ရဲ ၂ ဦးရဲ့ ဖခင်ဖြစ်သူကို နိုင်ငံတော်ဆူပူအောင်လုပ်တယ်ဆိုပြီး မတ်လပိုင်းက စတင်ကာ ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က DVB ကိုပြောပါတယ်။

"ဘာနဲ့ထုတ်တယ်ဆိုတာ သေချာမသိရဘူး ကျနော်လည်း သား ၂ ယောက်ထောင်ကျပြီးကတည်းက ရှောင်နေရတာ မတ်လကစပြီး ဝရမ်းထုတ်ထားတယ်လို့ မိတ်ဆွေတွေကပြန်ပြောတယ်၊ ဒါက မိသားစုကိုပါ အငြှိုထားပြီး ဒုက္ခရောက်အောင်လုပ်တာလို့မြင်ပါတယ်''လို့ ပြောပါတယ်။

သား ၂ ယောက်ကို ထောင်ချတဲ့အပြင် မိသားစုကိုပါ ဝရမ်းထုတ်ပြီး ဒုက္ခရောက်အောင် စစ်အာဏာရှင်တွေက ပြုလုပ်နေပေမယ့် ဒီမိုကရေစီ မရမခြင်း စစ်အာဏာရှင်ကို အဆုံးထိတော်လှန်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့လို ထောင်ဒဏ် ၁ နှစ်စီချမှတ်ခံခဲ့ရတဲ့ ရဲ ၂ ဦးကိုလည်း မိခင်ဖြစ်သူက သွားတွေ့ချိန်မှာ ၈ ကြိမ်မြောက်တဲ့အထိ သား ၂ ဦးနဲ့ တွေ့ခွင့်မရအောင် အကြမ်းဖက်စစ်ကောင်စီဘက်က ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ ရဲဝန်ထမ်း ၂ ဦးရဲ့ ဖခင်ဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်ထိ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို စစ်အာဏာသိမ်းမှုအပြီး ရာထူးကနေ နုတ်ထွက်ခဲ့သူလည်းဖြစ်ပါတယ် ။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

ခုလို အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဖိနှိပ်မှု ပြည်သူဘက်က ကာကွယ်မယ့်အကြောင်း စာတင်တာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013