DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျူးလွန်သည့် အကြမ်းဖက်ပစ်သတ်မှုဖြစ်စဉ် ၁ သိန်းခွဲကျော် မှတ်တမ်းပြုစုထား
DVB
·
June 26, 2021
စစ်ကောင်စီကျူးလွန်သည့် အကြမ်းဖက်ပစ်သတ်မှုဖြစ်စဉ် ၁ သိန်းခွဲကျော် မှတ်တမ်းပြုစုထား
Donate to DVB

စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း တစ်သိန်းငါးသောင်းကျော်ကို အထောက်အထားနဲ့ မှတ်တမ်းပြုစုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု၊ ပစ်ခတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုဖြစ်စဉ်ပေါင်း ၁၅၁၀၀၀ ကျော်ကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ အချက်အလက်တိတိကျကျနဲ့ မှတ်တမ်းတင်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ဇွန်လ  ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မှတ်တမ်းတွေမှာ လိုအပ်တဲ့ ဗွီဒီယိုသက်သေ၊ ဓာတ်ပုံနဲ့ အချက်အလက်တွေကို စစ်ကောင်စီက ငြင်းလို့မရအောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။  

စစ်ကောင်စီခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးမှာ ဥပဒေနဲ့အညီအရေးယူနိုင်အောင် နိုင်ငံတကာဥပဒေအဖွဲ့အစည်းကိုလည်း ငွေကြေးအသုံးပြုပြီးဌားရမ်းထားတယ်လို့ ဒေါက်တာဆာဆာကပြောပါတယ်။

"ပြည်သူတွေ မတရားသတ်ဖြတ်ခံရတာကို အတိအကျ စာရင်းပြုစုထားတယ်။ ကလေးတွေ အသတ်ခံရတာ ၅၂ ယောက်အထိရှိတယ်။ ကိစ္စတစ်ခုချင်းစီတိုင်းကို ဓာတ်ပုံနဲ့တကွ ကမ္ဘာ့စံချိန်စံညွှန်းနဲ့ညီအောင် မှတ်တမ်းတင်ထားပါတယ်။ ဒီလိုလုပ်ထားတယ်ဆိုတာ စစ်ကောင်စီကို သတိပေးချင်တယ်။ စစ်သားတွေကိုလည်းသတိပေးချင်တယ်။ လူသတ်သမားတွေကိုလည်းသတိပေးချင်တယ်။ ကမ္ဘာကိုလည်း ကြေညာမယ်။ ငြင်းလို့မရအောင် စီစဉ်ထားတယ်ဆိုတာကို ပြောချင်ပါတယ်။ အချက်အလက်ပေါင်း ၁၅၁၀၀၀ ကျော်ကို မှတ်တမ်းပြုစုထားတယ်။ အချက်အလက်မှာ ငြင်းလို့မရအောင် အသေးစိတ်အတိအကျ လုပ်ထားပါတယ်။ တရုတ်နဲ့ ရုရှားက ဝယ်နေတဲ့လက်နက်တွေ၊ အမြောက်တွေ လက်နက်တွေနဲ့ပြည်သူလူထုကို ရက်ရက်စက်စက် သတ်နေပါတယ်ဆိုတာကို ကျွန်တော် သက်သေပြနေတာဖြစ်ပါတယ်။ ၉၁၅ ယောက် အသတ်ခံရတာကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အရေးယူရမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က အချုပ်ထဲမှာနေရမှာ ဖြစ်တယ်။ အရေးယူနိုင်အောင် နိုင်ငံတကာဥပဒေအဖွဲ့အစည်းကိုလည်း ပိုက်ဆံပေးပြီး ငှားထားပါတယ်။ ရက်စက်မှုကို ကုလသမဂ္ဂကလည်းလက်မခံဘူး။ နိုင်ငံတကာကလည်းလက်မခံဘူး။ အာဆီယံကလည်း လက်ခံလို့မရဘူး။ ရက်စက်မှုကို ကမ္ဘာက သိအောင် မှတ်တမ်းတင်ထားတာဖြစ်ပါတယ် " လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

မှတ်တမ်းတွေကို ကမ္ဘာကို ကြေညာသွားမှာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်တွေသာမက စစ်သားတွေကပါ ကျူးလွန်နေတာတွေ ရပ်တန့်ဖို့ ဒေါက်တာဆာဆာက သတိပေးပါတယ်။ 

စစ်ကောင်စီက အကြမ်းဖက်မှုတွေ ထပ်မံကျူးလွန်လာရင်လည်း ပြည်သူတွေက ဒေါက်တာဆာဆာရဲ့ Email ကနေတဆင့် တိုက်ရိုက်ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013