DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် လူကုန်ကူးမှုဖြင့် မြန်မာ အပါအဝင် ၂၇ ဦး ဖမ်းဆီးခံရ
DVB
·
April 12, 2026
Photo: Jabatan Imigresen Malaysia
Photo: Jabatan Imigresen Malaysia
Donate to DVB

မလေးရှားနိုင်ငံ၊ ကိုတာဘာရူးမြို့အနီးမှာ ဧပြီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးအတွင်း လူကုန်ကူးမှုနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံသား ၁၇ ယောက်အပါအဝင် လူပေါင်း ၂၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း အသက် ၁၃ နှစ်ကနေ ၄၂ နှစ်ကြားရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ထဲမှာ ဒေသခံ မလေးရှားနိုင်ငံသား ၅ ယောက် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတွေ ပါဝင်တဲ့ နိုင်ငံခြားသား ၂၂ ယောက်  ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဖွဲ့စုံပါတဲ့ စစ်ဆင်ရေးအဖွဲ့တွေက လူကုန်ကူးသူတွေ ခိုလှုံရာအိမ်အဖြစ် အသုံးပြုတဲ့ လူနေအိမ်တလုံးကို ဝင်ရောက်စီးနင်းခဲ့ရာ မလေးရှားနိုင်ငံသား ဂိုဏ်းခေါင်းဆောင်လို့ယူဆရတဲ့ ဒေသခံ မလေးရှားအမျိုးသားတယောက်ကို ဖမ်းဆီးနိုင်ခဲ့သလို သယ်ယူပို့ဆောင်ပေးတဲ့ ဒေသခံ မလေးရှား အမျိုးသားတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

သယ်ယူပို့ဆောင်ခံရတဲ့  နိုင်ငံခြားသား ၂၂ ယောက်ကတော့ အိန္ဒိယအမျိုးသား ၂ ယောက်၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၃ ယောက်၊ မြန်မာအမျိုးသား ၈ ယောက်၊ မြန်မာအမျိုးသမီး ၉ ယောက် တို့ဖြစ်ပါတယ်။

စစ်ဆင်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ ၃ အုပ်၊ အိန္ဒိယနိုင်ငံကူးလက်မှတ် ၂ အုပ်၊ မြန်မာနိုင်ငံကူးလက်မှတ် ၄ အုပ်၊ တံဆိပ်မျိုးစုံ လက်ကိုင်ဖုန်းတွေအပြင် လူကုန်ကူးရာမှာ အသုံးပြုတဲ့ Honda CRV၊ Mitsubishi Triton၊ Toyota Rush နဲ့  Perodua Alza အမျိုးအစား မော်တော်ယာဉ် ၅  စီးတို့ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ လူကုန်ကူးဂိုဏ်းရဲ့ အဓိကခေါင်းဆောင်တယောက်ဟာ အရင်ကလည်း ဖမ်းဆီးခံခဲ့ရဖူးပေမဲ့ လူကုန်ကူးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဇာကာရီယာရှာဘန်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ မလေးရှား အမျိုးသား ၅ ယောက်ကို ၂၀၀၇ ခုနှစ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူများအား မှောင်ခိုသွင်းမှု တားဆီးရေး အက်ဥပဒေ ပုဒ်မ ၂၆ (က)  အရ အရေးယူဖို့ ဖမ်းဆီးထားပါတယ်။ 

မြန်မာအပါအဝင် နိုင်ငံခြားသား ၂၂  ယောက်ကိုတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဈ) အရ ဖမ်းဆီးကာ ဆက်လက်အရေးယူဖို့ ကလန်တန် လူဝင်မှုကြီးကြပ်ရေးရုံးသို့ ပို့ဆောင်ထားပါတယ်။

Source: Bernama

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013