DVB Logo
Home
မြန်မာသတင်း
အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးကူညီသွားမည်ဟု ကေအန်ယူကြေညာ
DVB
·
June 24, 2021
အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးကူညီသွားမည်ဟု ကေအန်ယူကြေညာ
Donate to DVB

လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေအပေါ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီပေးအပ်သွား မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်မှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာတွေ၊ စစ်ကောင်စီက အင် အားအလွန်အကျွံအသုံးပြုတာတွေ၊ နယ်ဘက်မှာသာမက ပြည်မက မြို့တချို့မှာ တိုက်ပွဲ ပုံဖော်မှုတွေ ဖြစ်တာလာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားတဲ့အပေါ် လွန်စွာစိုးရိမ်မိကြောင်းလည်း ကြေညာချက်ထဲ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လနီးပါး ရှိလာခဲ့ပြီဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဟာလည်း ခပ်စိပ်စိပ် ဖြစ်လာခဲ့တာပါ။

ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့လယ်မှာ ပြည်သူ့ကာကွယ် ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ မြို့ပြတိုက်ပွဲအသွင်ဆောင်လာခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ် အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၈၇၇ ယောက် ကျဆုံးခဲ့ပြီး ပြည်သူ ၆၂၇၉ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013