DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ပုဒ်မ ၂ ခုဖြင့် တရားစွဲခံရ
DVB
·
June 23, 2021
ဖားကန့်မြို့က အလွတ်တန်းသတင်းထောက် ပုဒ်မ ၂ ခုဖြင့် တရားစွဲခံရ
Donate to DVB

ဖမ်းဆီးခံထားရတဲ့  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုဇော်ဝင်းမောင်ကို အကြမ်းဖက်စစ်အုပ်စုက   ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက် ညက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ  ညသပိတ်လုပ်ဖို့ လူစုနေချိန် စစ်တပ်က  ကိုဇော်ဝင်းမောင်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ရော ဆိုင်ကယ်လိုင်စင်မရှိတာကို ပို့ကုန်သွင်းကုန်း ဥပဒေနဲ့ပါ အမှုဖွင့်အရေးယူထားတာလို့  နီးစပ်သူတွေထံက သိရပါတယ်။

"ကိုဇော်ဝင်းမောင်ကို ပုဒ်မ ၂ ခုနဲ့ အရေးယူထားတယ်။ ဆိုင်ကယ် လိုင်စင်မရှိတာကိုပါ ထည့်အရေးယူထားတာ။ ဒီဘက်က လူတွေအကုန်လုံးနီးပါး ဆိုင်ကယ်လိုင်စင် မရှိဘူး။ နံပါတ်ပြားမတပ်ဘူး။ ဒါသက်သက် အမြင်ကပ်လို့ ပုဒ်မထပ်တိုးတာလို့ မြင်တယ်''လို့  ဒေသခံ ကပြောပါတယ်။

အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ အရင်က  အန်အယ်လ်ဒီ ပါတီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံလုပ်ခဲ့ဖူးတာကြောင့် ခုလို အမှု ၂ ခုနဲ့ တရားစွဲတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဖားကန့်မြို့မှာ အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် အပြင် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးလည်း ဖမ်းဆီးခံထားရပြီး  လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013