DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့ တွေ့ဆုံဆွေးနွေး  
DVB
·
September 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ချိန်မှာ ရုရှားစစ်ပွဲဘယ်လိုအဆုံးသတ်မလဲဆိုတာနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေ အပစ်ရပ်ရေး ဆွေးနွေးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ဇလန်းစကီးရဲ့ အဖွဲ့ဟာ ထရမ့်ပ်နဲ့ မိနစ် ၄၀ ကြာ ဆွေးနွေးခဲ့ပြီးနောက် မီဒီယာတွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာပါ။

စွမ်းအင်အဆောက်အုံတွေ တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ရုရှားနဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးဖို့ ယူကရိန်းက အသင့်ရှိတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ဒါပေမဲ့ ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုကို ယူကရိန်းက တဖက်သက်အပစ်ရပ်စဲဖို့တော့ ဆန္ဒမရှိဘူးလို့လည်း ဆိုပါတယ်။ 

မီဒီယာတွေ့ဆုံမှုမှာ ဇလန်းစကီးက ရုရှားသမ္မတ ပူတင်၊ ထရမ့်ပ်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဖို့ လည်း အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ရုရှားကို ဆွေးနွေးပွဲတွေဆီ အမေရိကန်က ခေါ်လာနိုင်မဲ့နည်းလမ်းကို ရှာတွေ့မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013